Latest News

Sunday, January 1, 2017

တူရကီနိုင်ငံမှာ၂၀၁၇ နှစ်သစ်ကူးကို အကြမ်းဖက်မှုနဲ့စခဲ့ပြီး လူ-၃၉ ဦးသေဆုံးခဲ့။

တူရကီနိုင်ငံမှာ၂၀၁၇ နှစ်သစ်ကူးကို အကြမ်းဖက်မှုနဲ့စခဲ့ပြီး လူ-၃၉ ဦးသေဆုံးခဲ့။

တူရကီနိုင်ငံ မြို့တော်အစ္စတန်ဘူလ်မှာ ဇန်န၀ါရီလ-၁ ရက်နေ့က New Year ပွဲတော်ကျင်းပနေတဲ့ နိုက်ကလပ်တစ်ခုကို  သေနတ်သမားတစ်ဦးက ၀င်ရောက်ပစ်ခတ်ခဲ့ တာကြောင့် အနည်းဆုံး လူ-၃၉ ဦးသေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှုးကတော့ ဒီတိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ချက်ချင်းပစ်တင်ဝေ ဖန်ပါတယ်။

 သေနတ်သမားဟာ ရိုင်နာ(Reina) နိုက်ကလပ်အ၀င်ဝမှာတင် ရဲအရာရှိတစ်ဦးနဲ့ အရပ်သားတစ်ဦးကို အရင်ဆုံးပစ်သတ်ခဲ့ပါတယ်။

 အဲ့ဒီ့နောက်မှာတော့ ပျော်ရွှင်နေတဲ့လူငယ်တွေနဲ့ ပြည့်နေတဲ့ နိက်ကလပ်ထဲဝင်ရောက်ပြီး မြင်မြင်သမျကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

 ဒီကိစ္စနဲ့ပတ်သက်ပြီး ဒဏ်ရာရသူတစ်ဦးက “ ကျနော့်ခြေထောက် အပစ်ခံခဲ့ရပါတယ်၊ ရူးနေတဲ့လူတွေ ရောက်လာပြီး မြင်မြင်သမျကို ပစ်ခတ်ခဲ့တာပါ။ သေနတ်နဲ့ပစ်နေတဲံလူတစ်ယောက်ကို မြင်တာကြောင့် ကျနော် ပုန်းနေခဲ့ပါ တယ် ”လို့ ပြောပြသွားပါတယ်။

ဒ်ီပစ်ခတ်မှုနဲ့ပတ်သက်ပြီး အစ္စတန်ဘူလ်မြို့တော်အုပ်ချုပ်ရေးမှုးက “  မနက် ၁ နာရီ ၁၅ မိနစ်လောက်မှာ ရှည်လျားတဲ့ သေနတ်တစ်လက်နဲံ အတူ အကြမ်းဖက်သမားတစ်ဦး နိုက်ကလပ်ထဲ ၀င်လာခဲ့ပါတယ်။ သူဟာ ဂိတ်ပေါက်ဝမှာစောင့်နေတဲ့ ရဲအရာရှိနဲ့ အရပ်သားတစ်ဦးကို အရင်ပစ်ခတ်ခဲ့ပါတယ်။ ဒီ့နောက်မှာတော့ New Year ပွဲကျင်းပပြီး ပျော်ရွှင်နေတဲ့ အပစ်မဲ့သူတွေကို ရက်ရက်စက်စက် ပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပါတယ်။ လောလော ဆယ် စုံစမ်းမှုတွေအရ အနည်းဆုံး ၃၅ ဦးသေဆုံးခဲ့ပါတယ်”လို့ ရှင်းပြသွားပါတယ်။

အခင်းဖြစ်ချိန်က အဲ့ဒီနိုက်ကလပ်ထဲမှာ လူ ၅၀၀/ ၆၀၀ လောက်ရှိပြီး တစ်ချို့က နိုက်ကလပ်ဘေးက ရေထဲကို ခုန်ချထွက်ပြေးခဲ့ကြောင်း၊ နောက်ပိုင်းမှာ သူတို့ကို ကယ်တင်ခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

Sources; Aye Aye Mon DVB Journalist

No comments:

Post a Comment