Latest News

Sunday, January 1, 2017

ကိုးရီးယားမှာတော့ နှစ်သစ်ကူးပွဲမှာတောင် သမ္မတပါက့် နှုတ်ထွက်ဖို့ တောင်းဆိုခဲ့

ကိုးရီးယားမှာတော့ နှစ်သစ်ကူးပွဲမှာတောင် သမ္မတပါက့် နှုတ်ထွက်ဖို့ တောင်းဆိုခဲ့

တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဒီဇင်ဘာလ ၃၁-ရက်နေ့က New Year ပွဲတော်ကျင်းပခဲ့ပြီး သမ္မတ-ပါ့က်-ဂွန်ဟေး ချက်ချင်းနှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဲ့ဒီဆန္ဒပြပွဲမှာ လူ ၉-သိန်းလောက် ပါဝင်ခဲ့ပြီး သမ္မတပါ့က်ရဲ့ အိမ်ပြာတော်အနီးက ဂွမ်ဟွာမွန်း-ရင်ပြင်မှာ စုရုံးခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက “ ဒီနှစ်ထဲမှာ မကောင်းတဲ့အရာတွေ ဖြစ်ပျက်ခဲ့တာမို့ ဆန္ဒပြပွဲမှာ သူပါဝင်ခဲ့တာဖြစ်ကြောင်းနဲ့ ဒီဆန္ဒပြပွဲက ကိုးရီးယားနိုင်ငံ မျိုးဆက်သစ်အတွက် ကောင်းမွန်တဲ့အရာတွေ ဆောင်ကျဉ်းပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ” ပြောပြသွားပါတယ်။

 နောက်တစ်ဦးကလည်း “  သမ္မတပါ့က်ရဲ့ ညံ့ဖျင်းတဲံအုပ်ချုပ်ရေးအပါအ၀င် အစိုးရအဖွဲ့ရဲ့ ပြဿနာပေါင်းစုံကို သိလိုက်ရတာကြောင့် သမတပါ့က် နှုတ်ထွက်ရေးကိစ္စ အတည်ဖြစ်လာစေဖို့ သူမျှော်လင့်ကြောင်း” ပြောပြသွားပါတယ်။

သမ္မတ-ပါက့်ဂွန်ဟေး ဟာ နံမယ်ပျက်ရှိနေတဲ့ သူငယ်ချင်းဖြစ်သူ ချီအီ-စွန်းစီလ်နဲ့အတူ အာဏာအလွဲသုံးမှု လဘ်စားမှုတွေနဲ့ အစစ်ဆေးခံနေရပါတယ်။

 သူ့အမှုကို ဖွဲ့စည်းပုံတရားရုံးက ပြီးခဲ့တဲ့အပတ်က စစ်ဆေးခဲ့ပြီး စွဲချက်တင်ဖို့သင့်မသင့် ရှေ့သီတင်းပတ်ထဲမှာ ဆုံးဖြတ်ချက်ချမယ်လို့ မျှော်လင့်ရပါတယ်။

Sources; Aye Aye Mon DVB Journalist

No comments:

Post a Comment