Latest News

Sunday, January 1, 2017

ဘိုလီးဗီးယားမှာ မိုးကြီးပြီး ဆည်ရေလျံ-နေအိမ် ၁၀၀ နီးပါး ပျက်ဆီး။

ဘိုလီးဗီးယားမှာ မိုးကြီးပြီး ဆည်ရေလျံ-နေအိမ် ၁၀၀ နီးပါး ပျက်ဆီး။


ဓါတ်ပုံ-ရေမလွှမ်းခင် မြင်တွေ့ရတဲ့ ကာရာကိုးလက်စ်-ဒေသ မိုင်းတွင်း။

ဘိုလီးဗီးယားနိုင်ငံ ကာရာကိုးလက်စ်-ဒေသမှာ ဒီဇင်ဘာလ-၃၁ ရက်နေ့က မိုးကြီးပြိး ဆည်ရေလျံကျခဲ့တာကြောင့် လူနေအိမ် ၈၅ လုံး ပျက်ဆီးဆုံးရှုံးခဲ့ပါတယ်။

အဲ့ဒီဒေသဟာ မြို့တော် လာပါ့ဇ်-ကနေ ၁၅၄ မိုင်အကွာမှာတည်ရှိပြီး မီလီနို့စ် နဲ့ ဗီလာ-အယ်လ်-ကာမန် မိုင်းတွင်းတွေ တည်ရှိပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုင်းလုပ်ငန်းအတွက် အသုံးပြုတဲ့ ဆည်ရေလျံကျပြီး မိုင်းလုပ်သားတွေရဲ့နေအိမ်တွေ ထိခိုက်ပျက်ဆီးခဲ့တာဖြစ်ပါတယ်။

အခုအခါ အာဏာပိုင်တွေက အဲ့ဒီဒေသကို သဘာဝဘေးဒဏ်ဒေသအဖြစ် အရေးပေါ်အခြေအနေကြေငြာထားပြီး ရေဘေးဒုက္ခသည်တွေကို အစားအစာ၊ ရွက်ဖျင်တဲနဲ့ အသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးနေကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။


Sources;Aye Aye Mon DVB Journalist

No comments:

Post a Comment