Latest News

Sunday, January 1, 2017

NEW YEAR ည တူရကီနိုက်ကလပ်ကို ပစ်ခတ်ခဲ့သူ လွတ်မြောက်နေဆဲ။

NEW YEAR ည တူရကီနိုက်ကလပ်ကို ပစ်ခတ်ခဲ့သူ လွတ်မြောက်နေဆဲ။

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်းမြို့ Nightclub တခုမှာ လူ ၃၉ ဦးကို ပစ်သတ်ခဲ့တဲ့ သေနတ်သမားဟာ လွတ်မြောက်နေ ဆဲလို့ တူရကီဝန်ကြီးချုပ်ကပြောဆိုပါတယ်။

တနင်္ဂနွေနေ့မနက်ပိုင်းက nightclub မှာ ၀င်ပစ်သွားပြီး လူတွေ ၀ရုန်းသုံး ကားဖြစ်နေချိန်မှာ ထွက်ပြေးသွားတာပါ။

ဘယ်လိုရည်ရွယ်ချက်နဲ့ တိုက်ခိုက်တယ်ဆိုတာ အသေအချာမသိသေးပေ မယ့် ပြီးခဲ့တဲ့နှစ်က တူရကီနိုင်ငံမှာ အနည်းဆုံး ၂ ကြိမ်အကြမ်းဖက်တိုက်ခက်ခဲ့တဲ့ is-အကြမ်းဖက်အဖွဲ့ကိုပဲ သံသယဖြစ်နေကြပါတယ်။

 တူရကီအစိုးရကို တိုက်ခိုက်နေတဲ့ PKK ကာဒ့်တပ်ဖွဲ့ကတော့ သူတို့ရဲ့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပြီး အဲ့ဒီလို အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုမျိုး မလုပ်ဘူးလို့ ကာဒ့်တပ်ဖွဲ့ခေါင်းဆောင် Murat Karayilan ကပြောဆိုပါတယ်။

တူရကီပြည်ထဲရေးဝန်ကြီးကတော့ သေနတ်သမားကို အပူတပြင်းရှာဖွေနေဆဲဖြစ်ပြီး မကြာခင်ဖမ်းဆီးရမိမယ်လို့ မျှော်လင့်တယ်လို့ြေေပြောပါတယ်။
Sources;Aye Aye Mon DVB Journalist

No comments:

Post a Comment