Latest News

Friday, January 13, 2017

ဆုရဖို့ အာမမခံပေမယ့် အကောင်းဆုံးကြိုးစားမယ်ဆိုတဲ့ မယ်စကြဝဠာမြန်မာ ထက်ထက်ထွန်း

ဆုရဖို့ အာမမခံပေမယ့် အကောင်းဆုံးကြိုးစားမယ်ဆိုတဲ့ မယ်စကြဝဠာမြန်မာ ထက်ထက်ထွန်း

ပရိသတ်များကို ဆုတစ် ဆုရယူခဲ့မည်ဟု အာမခံချက် မပေးနိုင်သော်လည်း အကောင်း ဆုံးကြိုးစားမည်ဖြစ်ကြောင်း ထက်ထက်ထွန်းက ပြောသည်။

‘‘ကြိုးစားမှုကတော့ ထက် ထက်ထွန်းဆိုတဲ့ အမျိုးသမီး တတ်နိုင်သလောက် ကြိုးစားသွားမှာ ပါ။ ထက်လုပ်နိုင်ရက်နဲ့ လျှော့ပြီး မလုပ်ခဲ့မှာကိုတော့ အာမခံချင် တယ်။ ဒါပေမဲ့ ဘယ်နေရာ ဘယ် ထိရောက်မယ်ဆိုတာကတော့ ကံနဲ့လည်းဆိုင်တယ်။ အဘက် ဘက်ကလည်း ဆိုင်တဲ့အတွက် တစ်ခုခုယူလာခဲ့မယ်လို့တော့ အာမခံချက်မပေးနိုင်ပါဘူး။ ဒါပေမဲ့ ကျိန်းသေတာတစ်ခုကတော့ အကောင်းဆုံးကြိုးစားမှာပါ’’ဟု ထက်ထက်ထွန်းက ပြောသည်။

မယ်စကြဝဠာ ၂၀၁၆ ပြိုင်ပွဲ ကို ဖိလစ်ပိုင်နိုင်ငံ၌ ဇန်နဝါရီ ၃၀ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံပေါင်း ၉၀ ခန့်ပါဝင်မည်ဖြစ် ကြောင်း ယင်းပြိုင်ပွဲ၏ National Director ဒေါ်စိုးယုဝေက ပြော သည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာ နိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်မည့် ထက်ထက် ထွန်းသည် ဇန်နဝါရီ ၁၂ ရက် နံနက်က ဖိလစ်ပိုင်နိုင်ငံသို့ ထွက် ခွာသွားပြီဖြစ်သည်။

‘‘မျှော်မှန်းထားတာကတော့ အများကြီးပဲ။ ကာယကံရှင်ဆို တော့ ပရိသတ်တွေမျှော်မှန်းထား တာထက်ပိုပြီး မျှော်မှန်းတာပေါ့။ Winner အထိတော့ လိုချင်တာ ပေါ့’’ဟု ယင်းပြိုင်ပွဲနှင့်ပတ်သက် ၍ ထက်ထက်ထွန်းက ပြော သည်။

ထို့အပြင် ထက်ထက်ထွန်း က အကဘက်တွင် Talent ရှိ သောကြောင့် Talent (စွမ်းရည်) ပိုင်း ပြသမှု၌ ရုပ်သေးအကကမည် ဖြစ်သကဲ့သို့ National Costume(အမျိုးသားဝတ်စုံ)ကိုလည်း ရုပ် သေးဝတ်စုံဖြင့် ဝတ်ဆင်ပြသမည် ဟု ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် မယ် စကြဝဠာပြိုင်ပွဲကို ၂၀၁၃ တွင်ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးမိုးစက်ဝိုင်၊ သျှားထွဋ်အိန္ဒြာနှင့် မေဘရဏီသော်တို့က နိုင်ငံကိုယ် စားပြု အလှမယ်များအဖြစ် နှစ်အ လိုက် သွားရောက်ယှဉ်ပြိုင်ထား သည်။

Sources; 7 Day News Journal

No comments:

Post a Comment