Latest News

Friday, January 6, 2017

ဘင်္ဂါလီဒုက္ခသည်များအတွက် ထောက်ပံ့ပစ္စည်းများသယ်ဆောင်လာမည့် မလေးသင်္ဘောများ စစ်တွေသို့ ဆိုက်ကပ်ခွင့်မရပါက ဘင်္ဂါလားဒေ့ရှ်နိုင်ငံသို့ ဆိုက်ကပ်မည်ဟု ဆို

ဘင်္ဂါလီဒုက္ခသည်များအတွက် ထောက်ပံ့ပစ္စည်းများသယ်ဆောင်လာမည့် မလေးသင်္ဘောများ စစ်တွေသို့ ဆိုက်ကပ်ခွင့်မရပါက ဘင်္ဂါလားဒေ့ရှ်နိုင်ငံသို့ ဆိုက်ကပ်မည်ဟု ဆို


ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို အထောက်အပံများ သယ်ဆောင်လာမည့် သင်္ဘောကို စီစဉ်နေသူများက မြန်မာအစိုးရအနေဖြင့် မြန်မာ့ရေကြောင်းမှ သွားခွင့်မပေးလျှင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ လမ်းကြောင်း ပြောင်းလဲမည်ဟု ဆိုသည်။

စီစဉ်သူ မိုဟက်ဟာခင်ကသူတို့၏ သင်္ဘောအုပ်စုသည် စစ်တွေဆိပ်ကမ်းတွင် ဆိုက်ကပ်ခွင့် မရလျှင် ဘင်္ဂလားဒေ့ရှ်၊ တီနက်ဖ်(Teknaf) ဆိပ်ကမ်းကို ဦးတည်သွားမည်ဟု ပြောသည်။

“စစ်တွေကိုဝင်လို့ မရရင် တက်နတ်ဖ်ကိုပဲ သွားပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်က
ဒုက္ခသည်စခန်းက ဘင်္ဂါလီတွေအတွက် ချခဲ့မယ်“

တက်နက်ဖ်ဆိပ်ကမ်းသည် မြန်မာရေပိုင်နက်နှင့် နီးစပ်ပြီး ပြည်ဝင်ခွင့် ဗီဇာကိုလည်း ၄င်းတို့ အဖွဲ့တွင်
ရထားကြောင်းလည်း ဆိုသည်။

မြန်မာသမ္မတရုံး၏ ပြောခွင့်ရ ဦးဇော်ဌေးက မြန်မာအစိုးရအနေဖြင့် အဆိုပါသင်္ဘောအဖွဲ့၏ ဝင်ရောက်ခွင့် တောင်းဆိုချက်ကို မရထားဟု ပြောသည်။ အဆိုပါအဖွဲ့အနေဖြင့် ခွင့်ပြုချက်မပါဘဲ နိုင်ငံ၏ ပိုင်နက်အတွင်းကို ဝင်ရောက်ခွင့် ပြုမည်မဟုတ်ဟုလည်း ပြောကြားသည်။

သင်္ဘောအုပ်စု စီစဉ်သူ ဟာခင်က “သင်္ဘောတွေက ဇန်နဝါရီလ ၁၀ ရက်မှာ
ထွက်ခွာမှာဖြစ်ပြီး မြန်မာအစိုးရ ကိုယ်စားလှယ်များနဲ့ တွေ့ဆုံပြီး
နောက်ထပ်တစ်ကြိမ် ခွင့်ပြုချက် တောင်းခံသွားမယ်” ဟု ပြောသည်။

“ဘေးကင်း အဆင်ပြေအောင်လို့ သင်္ဘောတွေ မြန်မာကို မထွက်ခွာခင် ရန်ကုန်ကိုသွားမယ်။ မြန်မာအစိုးရက ကျွန်တော်တို့ ခွင့်ပြုချက် မလျှောက်ဘူးလို့ ပြောတယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရကိုယ်စားလှယ်နဲ့ တွေ့ဖို့ ကြိုးစားမယ်။ မည်သည့် လက်နက်မှ သယ်လာခြင်း မရှိသည့်အတွက် မြန်မာအစိုးရအနေဖြင့် စိတ်ပူရန် မလိုပါဘူး။ သူတို့အနေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူုအညီသက်သက်ပါ”
လို့ ဟာခင်က ဆိုသည်။

“ကျွန်တော်တို့က အစာရယ်၊ အဝတ်အစားရယ်၊ ဆေးရယ်ပဲ သယ်လာတာပါ။”

မာပင်နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကလည်း ဘင်္ဂါလီများအတွက် ဆန်တန်ချိန် တစ်ထောင်နှင့် ဆေးဝါးပစ္စည်းများ၊ တခြားအသုံးအဆောင်များကို ပို့ပေးမည်ဟု သတင်းရရှိသည်။

Sources; လင်းလင်း The Ladies News

No comments:

Post a Comment