Latest News

Tuesday, January 3, 2017

၆၉ နှစ်မြောက်လွတ်လပ်ရေးနဲ့ အလံတင်အခမ်းအနား

၆၉ နှစ်မြောက်လွတ်လပ်ရေးနဲ့ အလံတင်အခမ်းအနား





ဇန်န၀ါရီလ ၄ ရက် ၂၀၁၇ ခုနှစ် အိမ်မဲမြို့

၆၉ နှစ်မြောက်လွတ်လပ်ရေးနဲ့ အလံတင်အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့လွပ်လပ်ရေးကျောက်တိုင်တွင်ယနေ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ(၄) ရက် နံနက်၎နာရီအချိန်တွင်ပြုလုပ်ခဲ့ပြီး ၄  နာရီ မိနစ် ၂၀ အချိန်တွင် နိုင်ငံတော်အလံအား လွှင့်တင်ကာ ဦးညွှတ်ခဲ့ကြပါတယ်။

အဲဒီနောက် ၆၉ နှစ်မြောက်လွတ်လပ်ရေးအခမ်းအနားအတွက်
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ပေးပို့သော သဝဏ်လွှာအား
မြို့နယ်​အုပ်​ချုပ်​​ရေးမှူးဦးသက်​​ဇော်​ဦး မှဖတ်ကြားခဲ့ပါသည်။

၆၉ နှစ်မြောက်လွတ်လပ်ရေးနဲ့ အလံတင်အခမ်းအနား သို့ လွှတ်တော်ကိုယ်စားလှယ်များ နှင့် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ အစိုးရအဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး  အိမ်မဲမြို့ ၆၉ နှစ်​​မြောက်​လွတ်​လပ်​​ရေး​နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်ပပြုလုပ်ခဲ့သည်။
ဘော်​လီ​ဘော ပိုက်​​ကျော်​ခြင်း လွန်​ဆွဲ  ​ချောတိုင်​တက်​ ​ခေါင်းအုန်းရိုက်​အားကစားပြိုင်​ပွဲများ တွင် ဆုရရှိသူများ အား တိုင်း​ဒေသကြီး၂လွှတ်​​တော်​ကိုယ်​စားလှယ် ဦးအောင်​​ကျော်​မြိုင်​ မြို့နယ်​အုပ်​ချုပ်​​ရေးမှူးဦးသက်​​ဇော်​ဦး ဒုမြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦး​ဇော်​မြင့်​​ထွေး ဌာနဆိုင်​ရာအသီးသီး မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment