Latest News

Tuesday, January 3, 2017

ဇန်နဝါရီလလယ်မှာ ဖွင့်လှစ်ဖို့ စီစဉ်နေတဲ့ ၅၂ လမ်း ညဈေးတန်း

ဇန်နဝါရီလလယ်မှာ ဖွင့်လှစ်ဖို့ စီစဉ်နေတဲ့ ၅၂ လမ်း ညဈေးတန်း

ဆိုင်ခန်းပေါင်း ၁၃၀ ပတ်ဝန်းကျင် ဖွင့်လှစ်နိုင်ဖို့ စီစဉ်ထားပါတယ်။
 
၅၂ လမ်း ညဈေးတန်းကို ဒီလထဲမှာ ဖွင့်လှစ်ဖို့ မြေပြင်အခြေအနေအဆင်သင့်ဖြစ်နေပြီး နေရာချထားပေးမယ့် ဈေးသည်စာရင်းကို သက်ဆိုင်ရာမြို့ နယ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းနေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောပါတယ်။

ရန်ကုန်မြို့မှာ ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေဖို့နဲ့ အများပြည်သူစိတ်အနှောင့် အယှက်မဖြစ်စေဖို့ ရည်ရွယ်ပြီး ပုဇွန်တောင်နဲ့ ဗိုလ်တထောင်မြို့နယ်နှစ်ခုက လမ်းဘေးဈေးသည်တွေကို ၅၂ လမ်း ညဈေးတန်းကို ပြောင်းရွှေ့ရောင်းချစေမှာဖြစ်ကာ ဈေးသည်တွေကိုနေရာချထားပေးဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးတွေနဲ့ စာရင်းကောက်ယူနေတယ်လို့ ပုဇွန်တောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောပါတယ်။

‘‘ဇန်န၀ါရီထဲမှာ စောနိုင်သ မျှ စောအောင်နဲ့ စနစ်တကျဖြစ် အောင် လုပ်နေတယ်။ နောက်ပြီး ပြဿနာမဖြစ်အောင်ပေါ့။ ဈေး ဖွင့်မယ့် ပတ်ဝန်းကျင်နဲ့ ပြည်သူ တွေ သဟဇာတဖြစ်ဖို့လည်း လိုတာပေါ့’’လို့ ဦးတင့်လွင်က ပြောပါတယ်။

အသစ်ဖွင့်လှစ်မယ့်  ၅၂ လမ်း ညဈေးတန်းမှာ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်ဘုရားလမ်းနဲ့ ဗိုလ်မြတ်ထွန်းလမ်း စတဲ့ လမ်းမတွေပေါ်မှာ ရောင်းချနေတဲ့  ဈေးသည်တွေထဲက လမ်းပိတ်ဆို့မှုဖြစ်ပေါ်စေတဲ့ ဈေးသည်တွေကို ဦးစားပေး နေရာချပေးသွားမှာဖြစ်ပြီး ဆိုင်ခန်းပေါင်း ၁၃၀ ပတ်ဝန်းကျင် စီစဉ်ထားတယ်လို့ သိရပါတယ်။

Source : 7DayDaily : Duwun


 

No comments:

Post a Comment