Latest News

Tuesday, January 3, 2017

၂၀၁၆ခုနှစ်ထဲမှာ မင်္ဂလာဆောင်ခဲ့ကြတဲ့ အနုပညာရှင်(၅)ဦး

၂၀၁၆ခုနှစ်ထဲမှာ မင်္ဂလာဆောင်ခဲ့ကြတဲ့ အနုပညာရှင်(၅)ဦး

၂၀၁၆ မှာ အစွံထုတ်သွားခဲ့ကြတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။

     
မင်းဦး

သရုပ်ဆောင် မင်းဦးနဲ့ ခိုင်ဝေလွင်တို့ကတော့ ချစ်သူသက်တမ်း(၁၀)နှစ်ကျော်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်ဦးသားစလုံး နားလည်မှုနဲ့ အချစ်ရေးကို ခိုင်မြဲစွာ တည်ဆောက်လာရင်း အောက်တိုဘာ (၂၇)ရက်နေ့မှာ မင်္ဂလာလက်မှတ်ရေးထိုးပြီး မင်္ဂလာဦးဆွမ်းကျွေးအလှူပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာ(၂၇)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာလကမှ ငပလီသို့ ဟန်နီးမွန်းခရီးသွားရောက် ထားတာလည်း ဖြစ်ပါတယ်။
မိုးယုစံ

သရုပ်ဆောင် မိုးယုစံနဲ့ စွမ်းသူမိုးတို့ရဲ့ မင်္ဂလာပွဲကတော့ ပရိသတ်တွေ အားကြရခဲ့တဲ့ မင်္ဂလာပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ မိုးယုစံတို့ဇနီးမောင်နှံဟာ အောက်တိုဘာ၁၈ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ မင်္ဂလာမော်ကွန်း တင်လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့ပြီး မင်္ဂလာဦးဆွမ်းကျွေးကို မဟာစည်သာသနာ့ရိပ်သာမှာ အောက်တိုဘာ၂၀ရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား မင်္ဂလာပွဲ ကိုလည်း အောက်တိုဘာ၂၉ရက်က Meliaဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ကောင်းခန့်

ချစ်သူသက်တမ်း (၁၀)နှစ်ကျော်ပြီ ဖြစ်တဲ့ သရုပ်ဆောင် ကောင်းခန့်နဲ့ မရူပါတို့ရဲ့ မင်္ဂလာလက်မှတ်ထိုးပွဲကို ဇူလိုင်လ(၁၇)ရက်နေ့ မနက်ပိုင်းက နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာဦးဆွမ်းကျွေးအလှူကို ဇူလိုင်လ(၁၉)ရက်နေ့က မုဒုံမြို့နယ် ဝင်းစိန်တောရကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။ စုလျားရစ်ပတ်ထိမ်းမြား မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ၁၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး ညစာစားပွဲကိုတော့ နိုဝင်ဘာ(၁၅)ရက်နေ့က ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဝေလျှံ

အဆိုတော် ဝေလျှံနဲ့သန့်စင်မွန်တို့ကတော့ ချစ်သူသက်တမ်း(၆)နှစ်ကျော်မှာ မင်္ဂလာပွဲကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဝေလျှံနဲ့ မသန့်စင်မွန်တို့ရဲ့ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ(၂၀)ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ မင်္ဂလာဧည့်ခံပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အနုပညာအသိုင်းအဝိုင်းက ညီအစ်ကိုမောင်နှမတွေနဲ့ မင်္ဂလာဧည့်ခံပွဲကို ညနေ(၄)နာရီကနေ (၆)နာရီအထိ စည်းကားစွာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

တင်ဇာမိုးဝင်း

တင်ဇာမိုးဝင်းနဲ့ ဖြိုးဝေလှိုင်တို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကို ဇွန်လ(၇)ရက်နေ့ က ရန်ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး မင်္ဂလာဦး ဆွမ်းကျွေးအလှူကို ဇွန်လ(၁၉)ရက်နေ့က ရန်ကုန်မြို့ မင်းကွန်းတိပိဋက ရွှေရတုကျောင်းတော်ကြီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Sources; Duwun

No comments:

Post a Comment