Latest News

Monday, January 9, 2017

ဆုပေးပွဲမတက်ခဲ့တဲ့ မက်ဆီနဲ့ ဘာစီလိုနာ ကစားသမားတွေကို ရော်နယ်ဒို ဘာပြောခဲ့သလဲ

ဆုပေးပွဲမတက်ခဲ့တဲ့ မက်ဆီနဲ့ ဘာစီလိုနာ ကစားသမားတွေကို ရော်နယ်ဒို ဘာပြောခဲ့သလဲ

ဖီဖာအကောင်းဆုံးဆုပေးပွဲကို မက်ဆီ ရောက်မလာခဲ့ပါဘူး။
     
ဖီဖာက ချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို ရော်နယ်ဒို ရရှိခဲ့ပြီးနောက် ဆုပေးပွဲမတက်ခဲ့တဲ့ မက်ဆီကို ရည်ရွယ်ပြီး ဝမ်းနည်းစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းပေးအပ်ခဲ့တဲ့ ဘလွန်းဒီအော်ဆုမှာလည်း မက်ဆီကိုကျော်ဖြတ်ကာ ဆုရရှိခဲ့ပါသေးတယ်။ အခု ဖီဖာတစ်နှစ်တာ အကောင်းဆုံး ဆုကိုလည်း မက်ဆီကိုဒုတိယအကြိမ်ကျော်ဖြတ်ကာ ရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းတို့ ပူးပေါင်းပေးအပ်ခဲ့ပေမယ့် ဒီနှစ်မှာ ပြင်သစ်မဂ္ဂဇင်းက သပ်သပ်၊ ဖီဖာက သပ်သပ် ဆုပေးခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဖီဖာက သပ်သပ်ပေးအပ်တဲ့ ကမ္ဘာ့အကောင်းဆုံးဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။

ဖီဖာ ဆုပေးပွဲကို မက်ဆီနဲ့ ဘာစီလိုနာအသင်းသား အားလုံးတက်ရောက်ခြင်း မရှိခဲ့ပါဘူး။ " ဒီနေ့မှာ ဘာစီလိုနာ အသင်းသားတွေ မရှိကြတဲ့အတွက် ကျွန်တော်စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဒါဟာ နားလည်ပေးလို့ရတဲ့ အခြေအနေပါ" လို့ ရော်နယ်ဒိုက ဆုလက်ခံရနေချိန်မှ ပြောကြားခဲ့တာဖြစ်ပါတယ်။

CRISTIANO RONALDO

" တကယ့်ကို မယုံနိုင်စရာပါပဲ။ ပထမဆုံး အကြိမ်မဟုတ်တော့ဘူးဆိုပေမယ့် ဒီဆုကတော့ တကယ့်ပထမဆုံး အကြိမ်ပါ" လို့ ရော်နယ်ဒိုက ဆုလက်ခံယူနေတဲ့အချိန် ပြောခဲ့ပါတယ်။

Source : Daily Mail : Duwun

No comments:

Post a Comment