Latest News

Monday, January 2, 2017

မိုဆူးလ်မြို့မှာ တိုက်ပွဲပြင်းထန် ကလေးငယ်တွေ အပါအ၀င် အတော်များများ ဒဏ်ရာရ။

မိုဆူးလ်မြို့မှာ တိုက်ပွဲပြင်းထန် ကလေးငယ်တွေ အပါအ၀င် အတော်များများ ဒဏ်ရာရ။

နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အီရတ်နိုင်ငံ မိုဆူးလ်မြို့မှာ ဇန်န၀ါရီလ-၁ ရက်နေ့က IS-အကြမ်းဖက်သမားတွေရဲ့ မော်တာကျည်ဆန်တွေ လူနေအိမ်တွေပေါ်ကျရောက်ခဲ့တာကြောင့် အတော်များများသေဆုံးပြီး ဒါဇင်နီချီ ဒဏ်ရာရခဲ့ပါတယ်။

တိုက်ပွဲပြင်းထန်တာကြောင့် လူထိခိုက်သေဆုံးမှု အတိအကျကို ချက်ချင်းသတင်းထုတ်ပြန်နိုင်ခြင်း မရှိပါဘူး။

 ဒေသခံတစ်ဦးက “ ကျနော်က လမ်းဘေးဈေးသည်တစ်ဦးပါ။ စီးကရက်ရောင်းပါတယ်။ မနက် ၉-နာရီလောက်မှာ ကျနော့်သားနဲ့ တခြားကလေးတွေ ကစားဖို့ လမ်းပေါ်ထွက်သွားတာပေါ့၊ သိပ်မကြာပါဘူး။ သူတို့ကစားနေတဲ့အပေါ် လက်နက်ကြီးကျည်ဆန်တွေ ကျလာတာပါဘဲ။ ကလေး-၂ ဦး သေသွားပါတယ်။ သူတို့အထဲက တစ်ယောက်က တစ်ဦးထဲသောသားလေးပါ။ ကျနော့်သားကတော့ ဒဏ်ရာရပါတယ်။ အာဘီလ်-အရှေ့ခြမ်းဆေးရုံကို ပို့ခဲ့ရပါတယ်။ တစ်ချို့ကိုတော့ အနောက်ခြမ်းကို ပို့လိုက်ရပါတယ် ”လို့ ပြောပြသွားပါတယ်။

အမေရိကန်နဲ့ ကဒ့်တပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တဲံ အီရတ်လုံခြုံရေးတပ်ဖွဲ့တွေဟာ IS-အကြမ်းဖက်အဖွဲ့တွေရဲ့ အကြီးဆုံးအမာခံစခန်းဖြစ်တဲ့ မိုဆူးလ်မြို့ကို သိမ်းယူနိုငိဖို့အတွက် အောက်တိုဘာလ-၁၇ ရက်နေ့ကတည်းကစပြီး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

Sources;Aye Aye Mon DVB Journalist

No comments:

Post a Comment