Latest News

Wednesday, January 18, 2017

ချင်းတွင်းမြစ်သွား ရေယာဉ် ၇၀၀ ခန့်တွင် ကျွမ်းကျင်ရေယာဉ်အုပ်လက်မှတ်ရသူ ၁၀၀ ကျော်သာရှိ

ချင်းတွင်းမြစ်သွား ရေယာဉ် ၇၀၀ ခန့်တွင် ကျွမ်းကျင်ရေယာဉ်အုပ်လက်မှတ်ရသူ ၁၀၀ ကျော်သာရှိ


ချင်းတွင်းရေကြောင်းသွား ရေယာဉ်အစီး ၇၀၀ ခန့်တွင် ကျွမ်း ကျင်ရေယာဉ်အုပ်၊ စက်ခန်းအုပ် လက်မှတ်ရရှိသူ ၁၂၀ ခန့် သာရှိ ကြောင်း မုံရွာမြို့ ပုဂ္ဂလိက ရေ ယာဉ်များ စနစ်တကျပြေးဆွဲနိုင် ရေး ကော်မတီရုံးမှ သတင်းရရှိ သည်။

ချင်းတွင်းမြစ်အတွင်း ပြေး ဆွဲနေသည့် ရေယာဉ်စာရင်းများ အရ ခရီးသည်တင်ရေယာဉ်အ သင်း ကိုးသင်းတွင် ရေယာဉ် ၁၃၂ စီး၊ ကုန်တင်ရေယာဉ်အ သင်း ၁၉ သင်းတွင် ရေယာဉ် ၅၄၀ ကျော် ရှိပြီး ကျွမ်းကျင်ရေ ယာဉ်အုပ်၊ စက်ခန်းအုပ် အသိအ မှတ်ပြုလက်မှတ်ရရှိသူ ၁၂၀ ခန့် သာရှိကြောင်း မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲ နိုင်ရေး ကော်မတီရုံး အုပ်ချုပ်ရေး မှူး ဦးသောင်းညွန့်က ပြောသည်။

‘‘ရေယာဉ်အုပ်၊စက်ခန်းအုပ် လက်မှတ်မပါရင် ရေယာဉ်တွေ မောင်းနှင်ခွင့်မရှိဘူးဆိုတော့ အ သက် (၆၀)ကျော် ရေယာဉ်အုပ်၊ စက်ခန်းအုပ်တွေက လူကိုယ်တိုင် မလိုက်နိုင်တော့ဘဲ လက်မှတ်ပဲ ပါလာတာတွေရှိတယ်။ လက်ရှိ ရေယာဉ်မောင်းနှင်တဲ့သူတွေ ရေ ယာဉ်အုပ်၊ စက်ခန်းအုပ် လက် မှတ်ရဖို့ သင်တန်းတော့ တက်ရ မှာပေါ့။ အခုလောလောဆယ် လက်မှတ်မပါတဲ့ ရေယာဉ်တွေကို ဥပဒေနဲ့အညီ အရေးယူခံရတာ တွေလည်းရှိနေပြီ’’ဟု ဦးသောင်း ညွန့်က ပြောသည်။


ရေယာဉ်များ ဘေးအန္တ ရာယ်ကင်းဝေးစေရေး ကျွမ်းကျင် သော ရေယာဉ်အုပ်၊ စက်ခန်း အုပ် (ယာယီ) မောင်းနှင်ခွင့်လက် မှတ်ရ သင်တန်းအပတ်စဉ်(၁)ကို ဖေဖော်ဝါရီလဆန်းတွင် စတင် ဖွင့်လှစ်မည်ဖြစ်သည်။

‘‘ရေယာဉ်တိမ်းမှောက်မှုဖြစ် စဉ်တွေ ဖြစ်ပွားပြီးတဲ့နောက် ကျွမ်းကျင်တဲ့ ရေယာဉ်မောင်းနှင် သူတွေဖြစ်အောင် သင်တန်းတွေ ပေးပြီးတော့ ချင်းတွင်းမှာ မောင်း ဖို့ လက်မှတ်တွေ ထုတ်ပေးပါ တယ်။ ချင်းတွင်းမြစ်ကြောင်း မိုင် ၅၀၀ နီးပါးရှိတော့ အထက်ပိုင်း မှာရှိတဲ့ ရေယာဉ်တွေကလည်း မတက်နိုင်တာတွေရှိတယ်။ အ ထက်ပိုင်းက ရေယာဉ်အသင်း တွေကတစ်ဆင့် ခေါ်ပြီးတော့ သင်တန်းတက်ခိုင်းဖို့ ဆောင်ရွက် နေပါတယ်။ မုံရွာမြို့မှာပဲ သင် တန်းဖွင့်သွားမယ်’’ဟု ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင် သန်းက ပြောသည်။

 သင်တန်းတက်ရောက်လို သူများသည် ရေယာဉ်လိုင်စင် မိတ္တူတစ်စောင်၊ မှတ်ပုံတင်မိတ္တူ တစ်စောင်နှင့် ပတ်စ်ပို့ ဓာတ်ပုံ သုံးပုံနှင့်အတူ စစ်ကိုင်းတိုင်းဒေသ ကြီး ရေကြောင်းပို့ဆောင်ရေးညွှန် ကြားမှု ဦးစီးဌာနရုံးသို့ လျှောက် ထားနိုင်ကြောင်း ဦးစီးဌာနရုံးက ထုတ်ပြန် ကြေညာထားသည်။

ချင်းတွင်းမြစ်နှင့် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် မြို့ကြီး များတွင် ရေယာဉ်စစ်ဆေးရေးအ ဖွဲ့များကို ဒီဇင်ဘာအတွင်းက စတင်ဖွဲ့စည်းခဲ့ပြီး သတ်မှတ်စည်း ကမ်းချက်များ မလိုက်နာသော ရေယာဉ်များကို ဥပဒေနှင့်အညီ အရေးယူ  ဆောင်ရွက်လျက်ရှိ သည်။

Sources: 7Day News Journal

No comments:

Post a Comment