Latest News

Thursday, January 5, 2017

ဆေးအဖြစ် နွားသေးကို သောက်သုံးတဲ့ အိန္ဒိယ ရာဂျစ်စတန်ပြည်သူကသူတွေ

ဆေးအဖြစ် နွားသေးကို သောက်သုံးတဲ့ အိန္ဒိယ ရာဂျစ်စတန်ပြည်သူကသူတွေ

နွား  သေး ကို သောက်လေ့မရှိကြပေမယ့်လည်း အိန္ဒိယနိုင်ငံ ရာဂျစ်စတန်ပြည်နယ် Udaipur  မြို့က လူတွေကတော့ အခြားသူတွေနဲ့ မတူ နွားသေးကိုသောက်ရေအဖြစ် အသုံးပြုသလို ရေချိုးရာမှာအသုံးတယ်လို့ သိရပါတယ်။

နွားသေးကိုသောက်တာကြောင့် ပန်းနာ၊ ၀က်ခြံ အပြင်အခြားရောဂါတွေ ပျောက်ကင်းတယ်လို့ ယုံကြည်ကြပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ ဟီမန် ပလီဝေါက “ ကျွန်တော်ဟာ ပြီးခဲ့တဲ့ ၄ နှစ်ကျော် တည်းကနွားသေးကိုနေစဉ်သောက်သုံးတာဖြစ်တယ်။

တရက်ကို နွားသေး အနည်းဆုံးတစ်ခွက်သောက်တယ်။ ဒါအပြင်နွားသေးနဲ့ မျက်နှာ၊ ကိုယ်လက်တွေကိုပါဆေးကြောတယ်။ “ လို့ပြောပါတယ်။

ဒါအပြင် ၄င်းက “ ကျွန်တော် မျက်နှာတွေ ၀က်ခြံတွေပေါက်ခဲ့တာကြောင့် ကျွန်တော်ဟာ မျက်နှာကို နွားသေးနဲမကြာခဏ ဆေးတာတွေလုပ်ခဲ့တယ်။နောက်ပိုင်းမှာမျက်နှာပေါ်က ၀က်ခြံတွေပျောက်သွားတယ်။ “ လို့ပြောပါတယ်။

လက်ရှိအချိန်မှာနွားသေးကိုအသုံးပြုပြီး အခြား  ဆေးဝါးဆိုင်ရာတွေထုတ်လုပ်ဖို့  အိန္ဒိယ ကုမ္မဏီတစ်ခုက စီစဉ်နေတာတွေရှိပါတယ်။

REF  24H   ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်။

No comments:

Post a Comment