Latest News

Thursday, January 5, 2017

မင်္ဂလာဝတ်စုံအရောင်များ

မင်္ဂလာဝတ်စုံအရောင်များ


ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့်နောက်ပိုင်းတွင် မင်္ဂလာမောင်နှံအနေဖြင့် မြန်မာဝတ်စုံပဲဖြစ်ဖြစ်၊ အနောက်တိုင်းဝတ်စုံပဲ ဖြစ်ဖြစ် အမြင်မှာ လှနေတာထက် ကိုယ်နဲ့ ၀တ်စုံအရောင် လိုက်မလိုက်ကို အဓိကထားပြီး ရွေးချယ်ရမှာဖြစ်ပါတယ်။

အောက်တွင် မင်္ဂလာဝတ်စုံများ၏ အဓိပ္ပာယ်ကို ဖော်ပြပေးထားပါတယ်။

မင်္ဂလာဝတ်စုံ အ၀ါရောင်အနုသည် မြင်ရသူ၏ရင်ထဲမှာ စိတ်ကိုလန်းဆန်းစေပါတယ်။ ချစ်ခြင်းရဲ့သင်္ကေတ အရောင်လည်းဖြစ်ပါတယ်။

မင်္ဂလာဝတ်စုံ အ၀ါရောင်အရင့်သည် စိတ်တည်ငြိမ်ရင့်ကျက်မှုသဘောကိုဆောင်ပြီး ဆန်သစ်ပေါ်လွင်စေပါ တယ်။

မင်္ဂလာဝတ်စုံ သခွားရောင်သည် အမြင်မှာ တက်ကြွလန်းဆန်းစေသော အရောင်ဖြစ်ပါတယ်။

မင်္ဂလာဝတ်စုံ ရွှေရောင်သည် ခမ်းနားခြင်းနှင့်အတူ ထင်ပေါ်ကျော်ကြားခြင်း အဓိပ္ပာယ်ကိုဆောင်ပါတယ်။

မင်္ဂလာဝတ်စုံ ငွေရောင်သည် တောက်ပပြီး ဆွဲဆောင်မှုရှိတဲ့သဘောကိုဆောင်ပါတယ်။

မင်္ဂလာဝတ်စုံ ပန်းရောင်သည် ချစ်ခြင်း၏ သင်္ကေတအရောင်လေးဖြစ်ပြီး လှပချစ်စရာကောင်းပါတယ်။

မင်္ဂလာဝတ်စုံ လိမ္မော်ရောင်အနုသည် ကျက်သရေမင်္ဂလာအဖြာဖြာနှင့် တည်ငြိမ်စေတဲ့ အရောင်ဖြစ်ပါတယ်။

မင်္ဂလာဝတ်စုံ လိမ္မော်ရောင်အရင့်သည် ထွန်းလင်းတောက်ပပြီး အမြင်မှာ ဆန်းသစ်တဲ့ အရောင်ဖြစ်ပါတယ်။

မင်္ဂလာဝတ်စုံ ခဲရောင်အနုသည် ခေတ်မီဘိုဆန်စေပြီး စမတ်ကျစေသည့်သဘောကိုဆောင်ပါတယ်။

မင်္ဂလာဝတ်စုံ ခဲရောင်အရင့်သည် အရောင်ငြိမ်ငြိမ်နှစ်သက်သူများအတွက် အဆင်ပြေစေမည့် အရောင် ဖြစ်ပါတယ်။

မင်္ဂလာဝတ်စုံ အနီရောင်အနုသည် ချစ်ခင်စုံမက်ပြီး အချစ်ရဲ့သင်္ကေတအရောင် ဖြစ်ပါတယ်။

မင်္ဂလာဝတ်စုံ အရင့်သည် မိမိကိုယ်မိမိယုံကြည်မှုရှိပြီး တက်ကြစေသည့် သဘောဆောင်တဲ့ အရောင်ဖြစ်ပါတယ်။

အဖြူရောင်ကတော့ ဖြူစင်မြင့်မြတ်ခြင်းနဲ့ ဂုဏ်ကျက်သရေအားလုံး ပြီးပြည့်စုံတဲ့ သင်္ကေတအရောင် ဖြစ်ပါတယ်။

Sources; love from Myanmar Wedding Guide

No comments:

Post a Comment