Latest News

Wednesday, January 18, 2017

"၁၃ နှစ် မိန်းကလေးကို သားမယားပြုကျင့်သူကို အရေးယူထား"

"၁၃ နှစ် မိန်းကလေးကို သားမယားပြုကျင့်သူကို အရေးယူထား"

နေပြည်တော်၊ ပျဉ်းမနားမြို့မှာ အသက် ၁၃ နှစ်ရှိတဲ့ ရှစ်တန်းကျောင်းသူကို သားမယား ပြုကျင့်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် မိဘတိုင်းက သားသမီးတွေကို
စောင့်ကြည့်နေဖို့ လိုပါတယ်လို့ မြို့မရဲစခန်းက အမှုစစ်ဆေးသူ  ရဲအရာရှိတစ်ဦးက မှတ်ချက်ချပြောကြားပါတယ်။

အမှတ်(၁) ဇမ္မူသီရိမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ဒီခေတ်ထဲမှာ သမီးမိန်းကလေးမွေးထားတဲ့ မိခင်တိုင်းဟာ ကိုယ့်သားသမီးကိုသေချာစောင့်ကြည့် နေဖို့လိုပါတယ်၊  အခုဖြစ်ရပ်ဟာလဲ သွေးဆောင်ဖြားယောင်းပြီး ကလေးမလေးကို အခုလိုပြုကျင့်လိုက်တာပဲလေလို့ ပြောပါတယ်။

ဖြစ်စဉ်မှာ ကျောင်းသူလေးရဲ့ ဖခင်ကျန်းမာရေးမကောင်းဖြစ်တဲ့ အချိန်မှာကျောင်းအကြိုအပို့ ပြုလုပ်ပေးနေတဲ့ အိမ် နားနီးချင်းကားပွဲစားလုပ်နေသူ အသက် ၃၄ နှစ်အရွယ် အမျိုးသားက ပျဉ်းမနားမြို့အတွင်းက တည်းခိုခန်း တစ်ခုကို ခေါ်ဆောင်သွားပြီး သားမယားအဖြစ်ပြုကျင့်ခဲ့တာဖြစ်ပါတယ်။

ကျောင်းသူကလေးမ ကျောင်းမလာတာကြောင့် အတန်းပိုင်ဆရာမက မိခင်ဖြစ်သူကိုဖုန်းဆက်ပြီးမေးရာမှာ မိခင်ဖြစ် သူက  စတင်သိရှိခဲ့တာဖြစ်ပါတယ်။ မိခင်ကလိုက်ရှာရာမှာ အိမ်နားကသံလမ်းနားမှာ ကျောင်းသူလေးကို ကားပေါ်က ချပေးတာကိုတွေ့လိုက်တာကြောင့် သမီးဖြစ်သူကိုစစ်ဆေးမေးမြန်းရာမှာ အခုတစ်ကြိမ်တည်းမဟုတ်ဘဲ အရင်က တည်းက ဖြစ်နေကြတာပါလို့ မိခင်ဖြစ်သူကိုဖွင့်ဟပြောဆိုခဲ့တာဖြစ်ပါတယ်။

ကျူးလွန်သူကားပွဲစားဟာအိမ်ထောင်ရှိပြီး သားသမီးတွေနဲ့ အတူတကွနေထိုင်နေတယ်လို့သိရပါတယ်။ အခုလို သတင်း ထွက်ပေါ်လာတဲ့အခါ မိဘတွေဟာ စိုးရိမ်ထိတ်လန့်ကြတယ်။

ပြစ်မှုကျူးလွန်သူကို ဇန်နဝါရီ ၁၂ ရက်နေ့မှာ(ပ)၂၄/၁၇/ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်အရေးယူထား တယ်လို့အမှတ်(၁) မြို့မရဲစခန်းကသိရပါတယ်။

Sources: မိုးမိုး/ကုမုဒြာ

No comments:

Post a Comment