Latest News

Monday, January 9, 2017

တရုတ်နိုင်ငံက ရေခဲရုပ်တုပွဲတော် နိုင်ငံပေါင်း ၁၀-နိင်ငံ ပါဝင်

တရုတ်နိုင်ငံက ရေခဲရုပ်တုပွဲတော် နိုင်ငံပေါင်း ၁၀-နိင်ငံ ပါဝင်

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟာဘင်မြို့မှာ နှစ်စဉ်ကျင်းပနေကျ နိုင်ငံတကာ ရေခဲနဲ့နှင်းရုပ်တုပွဲတော်ကို ဇန်န၀ါရီ လ-၆ ရက်နေ့ကစပြီး ၃-ရက်ကြာ ကျင်းပခဲ့ပါတယ်။

အီတလီ၊ ကနေဒါ၊ ရုရှ၊ မလေးရှားနဲ့ ဂျပန်အပါအ၀င် နိုင်ငံပေါင်း ၁၀-ခုက အဖွဲ့ ၃၂ ဖွဲ့တိတိ လာရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အီတလီပန်းပုပညာရှင်တစ်ဦးက “ သူထုလုပ်တဲ့ ရေခဲရုပ်တုမှာ စက်ဝိုင်းပုံစံ ကွင်းအ၀ိုင်းတွေ အများကြီးပါတာကြောင့် ခက်ခက်ခဲခဲ တိတိကျကျ ထုလုပ်ခဲ့ရကြောင်း၊ အဲဒီရုပ်တု မြေပေါ်မှာ ခိုင်ခိုင်မာမာ အမြစ်တွယ် ရပ်တည်နိုင်မယ်လို့ မျှော်လင့်ကြောင်း”ပြောပြသွားပါတယ်။

ကနေဒါနိုင်ငံသား ပန်းပုပညာရှင်ကလည်း “ရွှေတံဆိပ်ဆု လိုချင်ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲက သိပ်ခက်ပါတယ်။ တကမ္ဘာ လုံးကနေ အဖွဲ့ ၃၀ လောက် လာပြိုင်ကြတာလေ။ မြောက်အမေရိကတိုက် ကနေဒါကဆိုရင်တော့ တစ်ဖွဲ့ဘဲ လာပါတယ်။ ဒါ့ကြောင့် ကနေဒါနိုင်ငံရဲ့ဂုဏ်ကို မြှင့်တင်ပေးချင်ပါတယ် ”လို့ ပြောပြသွားပါတယ်။

အိမ်ရှင် တရုတ်ပန်းပုပညာရှင်ကတော့ “ ဒီနှစ်က မနှစ်ကထက် ပိုပူပါတယ်။ ဒါပေမဲ့ ဒီအပူချိန်က ရေခဲတွေကို ကွေးထုတ်ရတဲ့အပေါ် သိပ်တော့ သက်ရောက်မှု မရှိပါဘူး။ အပူချိန်က ရေခဲမှတ်အောက် ရောက်နေသရွေ့ ပြသနာ သိပ်မရှိပါဘူး။ ဒီရာသီဥတုမျိုးက ပုံမှန်ပါဘဲ။ သိပ်မအေးတော့ ကျနော်တို့လက်ေတွကို ပိုသတိ ထားပြီး ထုဆစ်ရုံပါဘဲ ”လို့ ရှင်းပြသွားပါတယ်။

ဒီပွဲတော်မှာ  နင်းရေခဲနဲ့ ထုလုပ်ထားတဲ့ ရဲတိုက်တွေနဲ့အတူ နိုင်ငံအသီးသီးကို ကိုယ်စားပြုတဲ့ တိရစ္ဆာန်နဲ့ လူပုံရုပ်တုတွေကို ထုဆစ်ပြသခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

ဓါတ်ပုံ-https://www.pinterest.com/pin/223491200237711681/
Sources; Aye Aye Mon

No comments:

Post a Comment