Latest News

Monday, January 9, 2017

မြောက်ကိုးရီးယား နျူးကလီးယားအစီအစဉ် ကန်-ကိုခြိမ်းခြောက်ဟု အက်ရှ်-ကာတာ ပြောဆို

မြောက်ကိုးရီးယား နျူးကလီးယားအစီအစဉ် ကန်-ကိုခြိမ်းခြောက်ဟု အက်ရှ်-ကာတာ ပြောဆို

မြောက်ကိုးရီးယားရဲ့ တာဝေးပစ်နျုးကလီးယားဒုံးလက်နက်စမ်းသပ်မဲ့အစီအစဉ်ဟာ အမေရိကန်ပြည်ထောင်စုကို ပြင်းထန်တဲ့ခြိမ်းခြောက်မှုဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ၀န်ကြီး အက်ရှ်-ကာတာက ဇန်န၀ါရီလ-၈ ရက်နေ့က ချက်ချင်းတုန့်ပြန်လိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အက်ရှ်-ကာတာက “ မြောက်ကိုးရီးယားကို လေးစားမှုနဲ့အတူ ပြောချင်ပါတယ်။ နျူးကလိးယားလက်နဲ့ တာဝေးပစ်ဒုံးကျည်စမ်းသပ်တဲ့ အစီအစဉ်ဟာ ကျနော်တို့ကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်တာဘဲဖြစ်ပါတယ်။

ကျနော်တို့ကတော့ လက်ဦးမှုရယူနိုင်အောင်ကြိုးစားမှာပါ။ ကျနော်တို့ရဲ့ ဒုံးခွင်းဒုံးအစီအစဉ်က သူတို့ရဲ့ ဒုံးလက်နက်အမျိုးအစား၊ ဒုံးလက်နက်နံပါတ်တွေနဲ့ တိုးတက်ဖြစ်ထွန်းမှုတွေကို အမြဲအဆက်မပြတ်လေ့လာနေပါတယ်။

ကျနော်တို့ကိုယ် ကျနော်တို့ ကာကွယ်နိုင်တာ သေချာပါတယ်။

ကျနော်တို့ရဲ့ ဒုံးခွင်းဒုံးစခန်းတွေက ကိုးရီးယား၊ ဂျပန်နဲ့ ဂွမ်ကျွန်းတွေမှာ ရှိနေပြီး စစ်သား ၂၈၅၀၀ လောက်တပ်ချထားပါတယ်။

 အဲ့ဒီစစ်သားတွေရဲ့ဆောင်ပုဒ်က “ ဒီညတိုက်မယ်” တဲ့။

ကျနော်တို့က ကိုးရီးယားကျွန်းဆွယ်နဲ့ အဲဒီကျွန်းဆွယ်မှာရှိတဲ့ ကျနော်တို့ရဲ့ မဟာမိတ်တွေကို ကာကွယ်ပေးဖို့ အသင့်ရှိပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ကျနော်တို့ရဲတာဝန်က မြောက်ကိုးရီးယားကို လက်ဦးမှု ရယူဖို့ဘဲ ဖြစ်ပါတယ် ”လို့ ပြောကြားသွားပါတယ်။

 မြောက်ကိုးရီးယားအစိုးရ ရုပ်သံဌာန KRT-ဟာ တာဝေးပစ် နျူကလီးယားဒုံးလက်နက် စမ်းသပ်မှုတွေကို အချိန်မရွေး နေရာမရွေးလုပ်မယ်ဆိုပြီး ဇန်န၀ါရီလ-၈ ရက်နေ့က ထုတ်လွှင့်ကြေငြာခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

ဓါတ်ပုံ-ကာကွယ်ရေးဝန်ကြီး အက်ရှ်-ကာတာ။ ( ရိုက်တာ)

Sources; Aye Aye Mon

No comments:

Post a Comment