Latest News

Tuesday, January 3, 2017

မဟာဗန္ဓုလပန်းခြံထဲမှာ ပထမဆုံးပြုလုပ်ခဲ့တဲ့ လွပ်လပ်ရေးနေ့အခမ်းအနား

မဟာဗန္ဓုလပန်းခြံထဲမှာ ပထမဆုံးပြုလုပ်ခဲ့တဲ့ လွပ်လပ်ရေးနေ့အခမ်းအနား

လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်စာတိုင်တည်ရှိရာ မဟာဗန္ဓုလပန်းခြံမှာ ပြောင်းလဲပြုလုပ်ခဲ့တာပါ။
     
(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ဇန်န၀ါရီလ(၄)ရက် မနက်အစောပိုင်းမှာ ရန်ကုန်မြို့ မဟာဗန္ဒုလ ပန်းခြံထဲမှာ ပြုလုပ်ခဲ့ပါတယ်။

အရင်တုန်းကတော့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ လွပ်လပ်ရေးနေ့အခမ်းအနားတွေကို တိုင်းလွှတ်တော်နဲ့ ပြည်သူ့ရင်ပြင်ထဲမှာပဲ ပြုလုပ်ခဲ့တာဖြစ်ပေမယ့် ဒီနှစ်မှာတော့ လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်စာတိုင်တည်ရှိရာ မဟာဗန္ဓုလပန်းခြံမှာ ပြောင်းလဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပြုလုပ်ခဲ့တဲ့ လွပ်လပ်ရေးအခမ်းအနားမှာ နိုင်ငံတော်သမ္မတဦးထင်ကျော်ပေးပို့တဲ့ လွတ်လပ်ရေးနေ့သ၀ဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖတ်ကြားခဲ့ပါတယ်။

အခမ်းအနားကို လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်တွေ၊ အစိုးရ၀န်ကြီးအဖွဲ့ဝင် ၀န်ကြီးတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ပြီး စစ်အခမ်းအနားနဲ့  အလံတင်အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

Source : 7DayDaily : Duwun


No comments:

Post a Comment