Latest News

Monday, January 9, 2017

မူဆယ်ခရိုင်အတွင်း ကျောင်းအချို့ မဖွင့်နိုင်သေး၍ ကျောင်းသား ၂,၀၀၀ ကျော် သင်ယူခွင့်မရသေး

မူဆယ်ခရိုင်အတွင်း ကျောင်းအချို့ မဖွင့်နိုင်သေး၍ ကျောင်းသား ၂,၀၀၀ ကျော် သင်ယူခွင့်မရသေး

တိုက်ပွဲများကြောင့် ပိတ် ထားသော မူဆယ်ခရိုင်ရှိ စာသင်ကျောင်းအချို့ ပြန်မဖွင့်နိုင်သေး ၍ ကျောင်းသား ၂,၀၀၀ ကျော် ကျောင်းမတက်နိုင်သေးကြောင်း ရှမ်းပြည်နယ် ပညာရေးဦးစီးဌာန မှ သတင်းရရှိသည်။

မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲ၊ ပန်ဆိုင်းမြို့နယ်ခွဲနှင့် မုံးပေါ်ကျေးရွာအုပ်စုမှ စာသင်ကျောင်းပေါင်း ၆၆ ကျောင်းသည် တိုက်ပွဲများကြောင့် ပိတ်ထားရပြီး ဇန်န၀ါရီလဆန်းက စတင်ကာ ကျောင်းပေါင်း ၄၀ ပြန်ဖွင့်နိုင်ခဲ့ကာ ၂၆ ကျောင်းပိတ်ထားရဆဲဖြစ်ကြောင်း မူဆယ်ခရိုင်ပညာရေးမှူး ဦးအောင်မြင့်က ပြောသည်။ စာ သင်ကျောင်း ၆၆ ကျောင်းတွင် ကျောင်းသားပေါင်း ၉,၀၀၀ ကျော်ရှိနေပြီး ယခုအခါ ကျောင်းသား ၇,၀၀၀ ကျော်သာ စာသင်ခန်းများသို့ ပြန်လည်ရောက်ရှိနေကာ ၂,၀၀၀ ကျော် စာသင်ကြားခွင့် မရသေးပေ။

 ‘‘ကျောင်းပြန်မဖွင့်နိုင်သေး လို့ ကျွန်တော့်သား ကျောင်းပြန် မတက်နိုင်ဘူး။ ဒီစာသင်နှစ်နောက်ကျရင် မတက်လိုက်ရတဲ့ကလေးတွေအတွက် အတော်နစ်နာတယ်။ ဒေသအမြန်အေးချမ်းစေချင်ပါပြီ။ တခြား လူမှုရေး၊ စီးပွားရေး အားလုံးနစ်နာရတာပါ’’ဟု ပန်ဆိုင်းမြို့နယ်ခွဲ ဒေသခံ ဦးလှဖုန်းက ပြောကြားသည်။

မူဆယ်ခရိုင်အထွေထွေအုပ် ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း က လုံခြုံရေးအခြေအနေ စိတ်မချရသေး၍ ကျေးရွာအချို့ရှိ ကျောင်း များ ပြန်မဖွင့်နိုင်သေးခြင်းဖြစ် သည်ဟုပြောသည်။

တပ်မတော်၏ထိုးစစ်ကို တုံ့ပြန်သည်ဆိုကာ ကချင်လက်နက် ကိုင်အဖွဲ့(KIA)၊ တအာင်းလက် နက်ကိုင်အဖွဲ့(TNLA)၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့(MND-AA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)တို့ပါဝင်သော ပူးပေါင်းလက်နက် ကိုင်အဖွဲ့သည် ပြီးခဲ့သည့် နိုဝင် ဘာ ၂၀ ရက်တွင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် မုံးကိုးမြို့အ ပါအ၀င် အစိုးရလုံခြုံရေးတပ် စခန်းများကို တိုက်ခိုက်ရာမှ တိုက် ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားခဲ့သည်။ တိုက်ပွဲပြင်းထန်သည့် မုံးကိုးမြို့ပေါ်နှင့် မုံးကိုးဒေသရှိ စာသင်ကျောင်းအားလုံး ပိတ်ထားရသည်။

အဆိုပါ တိုက်ပွဲများကြောင့် နှစ်ဖက်တပ်သားများအပြင် အရပ်သား ထိခိုက်သေဆုံးမှု များစွာရှိခဲ့ပြီး ကုန်သွယ်ရေးလုပ်ငန်းများ ရပ်တန့်ခဲ့သည်။

Sources; 7 Day News Journal

No comments:

Post a Comment