Latest News

Monday, January 9, 2017

မဟာမုနိဘုရားကျောင်းဆောင်အတွင်း မီးအလှဆင်ရန် ဒေါ်လာ နှစ်သိန်းခန့်အသုံးပြုမည်

မဟာမုနိဘုရားကျောင်းဆောင်အတွင်း မီးအလှဆင်ရန် ဒေါ်လာ နှစ်သိန်းခန့်အသုံးပြုမည်


မန္တလေးမြို့ မဟာမုနိ ဘုရားကြီးကျောင်းဆောင်အတွင်းတော်နှင့် အပြင်ဘက်ပိုင်းတို့တွင် နေ့၊ ညမြန်မာမှုဗိသုကာလက်ရာ များထင်ပေါ်စေရန် ကန်ဒေါ်လာ နှစ်သိန်းခန့်အသုံးပြု၍ မီးအလှဆင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မဟာမုနိဘုရားကြီး အတွင်း ပိုင်းနှင့် ဘုရားမျက်နှာတော်မီး များ၊ ဘုရားကြီးဆောင်၊ အပြင် ဘက်ပြာသာဒ်တို့တွင် မြန်မာမှု ဗိသုကာလက်ရာများပေါ်လွင်စေ ရန် Krislite မီးအလှဆင်ထွန်းညှိခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ဘုရားကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောသည်။

‘‘သာမန်မီးချောင်းတွေနဲ့ ဘုရားကြီးရဲ့ မျက်နှာတော်ကို ထိုး ထားတာ သပ္ပာယ်မှုမရှိဘူး။ နောက်ပြီး ဘုရားစောင်းတန်းတွေ မှာလည်း အပြင်ဘက်ကနေ ထွန်း ထားမယ်။ မြန်မာမှုကို ပေါ်လွင် အောင် ထွန်းညှိသွားမယ်။ ဒါတွေ လုပ်လိုက်တဲ့အတွက် မီးထွန်းထား ပေမယ့် ဗိသုကာလက်ရာတွေကို သဘာဝအတိုင်း ထင်ထင်ရှားရှား မြင်ရသလို ဖြစ်မယ်။ နောက်ပြီး အတွင်းတော်ပိုင်း မိုးရာသီချိန်မှာ ရေငွေ့ပြန်တာတွေ မဖြစ်တော့ဘူး’’ဟု ဦးစိုးလင်းက ပြောသည်။

အဆိုပါအလှဆင်မီးများပြု လုပ်ရန် အလှူခံမည်ဖြစ်ပြီး လုံလောက်မှုမရှိပါက ဘုရားကြီးဘဏ္ဍာတော်ငွေများမှ ထည့်သွင်းသုံးစွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။



Sources; 7Day News Journal


No comments:

Post a Comment