Latest News

Sunday, January 22, 2017

စားဝတ်နေရေးမပြေလည်သဖြင့် မိသားစုလိုက် သေကြောင်းကြံ

စားဝတ်နေရေးမပြေလည်သဖြင့် မိသားစုလိုက် သေကြောင်းကြံ

မိဘနှစ်ဦးက ကလေးငယ်များအား ကြွက်သတ်ဆေးတိုက်ပြီး ဓားဖြင့်ခုတ်ရာ တစ်ဦးသေဆုံး၊ မိဘများအပါအ၀င်လေးဦးဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်ရှိ ဆီမီးကန်ရွာအရှေ့ဘက် ပဲစင်းငုံခင်း အနောက်ဘက်တွင်ကျပန်းလုပ်ကိုင်သည့် ဇနီးမောင်နှံက စီးပွားရေး အဆင်မပြေ ဟုဆိုကာ သားသမီးသုံးဦးအား ကြွက်သတ်ဆေးတိုက်ပြီး ဓားဖြင့်ခုတ်ခဲ့ရာ တစ်နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဆီမီးကန်ရွာနေ အသက် (၃၈) နှစ်အရွယ် အမျိုးသမီးသည် ဆေးယဉ်ပါး တီဘီရောဂါရှိပြီး ဆေးမကုသနိုင်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်းဒဏ်မခံနိုင်ဟု ဆိုကာ ၎င်း၏ ခင်ပွန်းသည်နှင့် တိုင်ပင်၍ ဇန်န၀ါရီ ၂၁ ရက် နံနက် ၁၀ နာရီက ပဲစင်းငုံခင်းတွင် သားသမီးသုံးဦးအား ကြွက်သတ်ဆေး နှစ်ထုပ်စီတိုက်ခဲ့ကာ ဓားဖြင့်ခုတ်ပြီး လင်မယားနှစ်ဦးသည်လည်း အပြန်အလှန်ဓားဖြင့်ခုတ်၍ သေကြောင်းကြံစည်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကြွက်သတ်ဆေးတိုက်၍ ဓားဖြင့်ခုတ်ခဲ့မှုကြောင့် (၁) နှစ်အ ရွယ်ကလေးငယ်က လည်ပင်း ပြတ်ရှဒဏ်ရာဖြင့် သေဆုံးပြီး (၈) နှစ်အရွယ်နှင့် (၄) နှစ်အရွယ် ကလေးငယ်တို့သည် ဦးခေါင်းဓားဒဏ်ရာများနှင့် ဇနီးမောင်နှံနှစ်ဦးသည် ဓားဒဏ်ရာများရရှိခဲ့ကြောင်း တောင်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရသည်။

‘‘အမေဖြစ်သူကလည်း ဆေးယဉ်ပါးတီဘီဖြစ်နေတာ။ စီးပွား ရေးကလည်း အဆင်မပြေဘူး။ ကျပန်းလုပ်ကိုင်တာဆိုတော့ အဲဒါနဲ့ စိတ်ညစ်ပြီးသေကြောင်းကြံကြ တာပါ။ သိသိချင်းပဲ ဆေးရုံကို ပို့ လိုက်တယ်။ (၁) နှစ်နဲ့ တစ်လအ ရွယ်ကလေးငယ်ကတော့ အဲဒီ နေရာမှာပဲ ပွဲချင်းပြီးဆုံးပါးသွား တယ်။ ကျန်တဲ့လူတွေကတော့ ဆေးရုံမှာ အခြေအနေကောင်းပါ တယ်’’ဟု တောင်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒုဦးစီးမှူး ဦးအောင်မြင့်မြတ်က ပြောသည်။

‘‘ရွာမြောက်ဖျားပိုင်းမှာနေ တာ။ လင်မယားနှစ်ယောက်စလုံး က တီဘီရောဂါဖြစ်နေတာ၊ ဆေး ဆွဲသောက်ရမှာ ငွေကြေးမတတ် နိုင်ဘူး။ ကလေးတွေကို ကြွက် ဆေးတိုက်တာ။ လင်မယားနှစ် ယောက်စလုံးလည်း သောက်လိုက် တယ်လို့ သိရတယ်။ ယောက်ျား ဖြစ်သူက သူ့ကိုယ်သူဓားနဲ့ထိုးလိုက်တာ။ ကောင်လေးက ဒီရွာသား၊ ကောင်မလေးက နေပြည်တော်ဘက်က စီးပွားရေးအဆင်မပြေကြဘူး’’ဟု ဆီမီးကန်ကျေးရွာသားတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍ အဆိုပါဇနီးမောင်နှံနှစ်ဦးကို တောင်သာမြို့မရဲတပ်ဖွဲ့စခန်း တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၀၇/၃၂၆/၃၀၉ အရ အမှု ဖွင့်ပြီး ဖမ်းဆီးစစ်ဆေးနေကြာင်း သတင်းရရှိသည်။

Sources: 7Day News Journal

No comments:

Post a Comment