Latest News

Sunday, January 22, 2017

လူအများဆန္ဒမပါဘဲ သမ္မတဒေါ်နယ်ထရမ့်ကို follow လုပ်စေခဲ့ခြင်းအတွက် Twitter တောင်းပန်

လူအများဆန္ဒမပါဘဲ သမ္မတဒေါ်နယ်ထရမ့်ကို follow လုပ်စေခဲ့ခြင်းအတွက် Twitter တောင်းပန်

ဒီကိစ္စဟာ လူပေါင်း ၅၆၀၀၀၀ ကို ထိခိုက်စေခဲ့ပါတယ်။

Twitter သုံးနေသူများဟာ မိမိသဘောဆန္ဒမပါဘဲနဲ့ ယခုသမ္မတဖြစ်သွားတဲ့ ဒေါ်နယ်ထရမ့်ရဲ့ တရားဝင် Twitter အကောင့် POTUS ကို follow လိုက်ပြီးလုပ်နေတာကို သတိပြုမိသွားပြီးတဲ့နောက် ဒေါသထွက်ကုန်ကြပါတယ်။ ဒီကိစ္စနဲ့  ပတ်သတ်ပြီး Twitter ကုမ္မဏီမှ လူထုကို တောင်းပန်လိုက်ပါတယ်။

ဒီနေ့ ပဲ Twitter ရဲ့ CEO ဖြစ်သူ ဂျက်ဒေါ်ဆီဟာ အရင် @POTUS အကောင့်ဟောင်းကနေ အသစ်ကို သူ့ ရဲ့ followers များ ပြောင်းသွားပြီးနောက် ဒီကိစ္စတွေကို ဖြေရှင်းချက် ထုတ်ခဲ့ပါတယ်။
သူ့ ဖြေရှင်းချက်ထဲမှာတော့ @POTUS ဟာ အဖွဲ့ အစည်းဆိုင်ရာ အကောင့်ဖြစ်ပြီး ကိုယ်ရေးကိုယ်တာအကောင့်တစ်ခု မဟုတ်တာကြောင့် Twitter အကောင့်တွေကို ဒီအကောင့်ထဲ ရွှေ့ တာဟာ မျှတမှုရှိတယ်လို့ ခံစားရတယ်လို့ ဆိုပါတယ်။တကယ်လို့ Twitter သုံးသူတစ်ယောက်ဟာ အရင်က @POTUS ကို follow လုပ်ထားတယ်ဆိုရင် ဒီနေ့ ကစပြီး တစ်ခြား အကောင့်နှစ်ခုဖြစ်တဲ့ @POTUS44 (၄၄ယောက်မြောက် Admin) နဲ့ @POTUS (၄၅ ယောက်မြောက် Admin) တို့ ကို follow လုပ်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြဿနာတက်နေတဲ့ ကိစ္စနှစ်ခုကိုလည်း ရှင်းလင်းထားပါတယ်။
(၁) @POTUS 44 (အိုဘားမား Admin) အကောင့်ကို follow လုပ်ထားတဲ့ လူတွေဟာ @POTUS ( ထရမ့် Admin) အကောင့်ကို မှားပြီး follow ဖြစ်သွားတဲ့ ကိစ္စ နဲ့ 
(၂) အရင်က @POTUS ကို unfollow လုပ်ခဲ့သူတွေက @POTUS အကောင့်ကိုတလွဲ follow လုပ်မိတဲ့ ကိစ္စနှစ်ခုကို ပြန်ပြီး အမှန်ဖြစ်အောင် လုပ်ထားပါတယ်။

ဒီကိစ္စဟာ လူပေါင်း ၅၆၀၀၀၀ ကို ထိခိုက်စေတဲ့အတွက် တောင်းပန်ပါတယ်လို့ လည်း ပြောထားပါတယ်။

ဒါ့အပြင် တစ်ခြား တရားဝင်အုပ်ချုပ်ရေးအကောင့်တွေဖြစ်တဲ့ @VP ၊ @WhiteHouse နဲ့ @PressSec တို့ ကိုလည်း ထိခိုက်စေခဲ့တာဖြစ်ပါတယ်။ ဒီအကောင့်ကိစ္စတွေကိုလည်း ပြန်ပြီး ပြင်ထားလိုက်ပါတယ်။

Twitter apologizes

အခုလို တစ်ကမ္ဘာလုံးကနေ စောင့်ကြည့်နေကြတဲ့အချိန်မျိုးမှာမှ လူပေါင်း ၅၆၀၀၀၀ ရဲ့ အကောင့်တွေ followers တွေ အခုလိုမျိုးကြီး အကောင့်မှားပြီး follow လုပ်စေမိတာကတော့ ခံပြင်းစရာဖြစ်နေပါတယ်။ နောက်တစ်ချက်က Twitter အနေနဲ့ အရင့်အရင်ကတည်းက တစ်ခါမှ @POTUS ကို follow မလုပ်ဖူးတဲ့သူတွေကိုလည်း follow လုပ်စေခဲ့တဲ့အကြောင်းကိုတော့ မရှင်းပြသေးပါဘူး။

အခုဆို Twitter သုံးကြသူများအနေနဲ့ @POTUS 44 နဲ့ @POTUS 45 အကောင့်များကို follow လုပ်ထားမိသလားကို ပြန်စစ်ကြည့်သင့်ပါတယ်။ ယခုကိစ္စဟာ Twitter လို ကုမ္မဏီကြီးအတွက် အရှက်ရစရာ ဖြစ်နေပါတယ်။

Twitter ဟာ ၂၀၀၆ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ အွန်လိုင်းသတင်းနဲ့ လူမှုမီဒီယာတစ်ခုဖြစ်ပြီး လစဉ်သုံးစွဲသူ ကျော် ၃၁၀ ကျော် သုံးနေတာဖြစ်ပါတယ်။ ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲအတွင်း Twitter ဟာ နောက်ဆုံးရသတင်းအများဆုံးတင်ခဲ့တဲ့ နေရာဖြစ်ပြီး တစ်နေ့ တည်းနဲ့ tweets ပေါင်း သန်း ၄၀ တင်ခဲ့ပါတယ်။

Source: Twitter:Duwun

No comments:

Post a Comment