Latest News

Monday, January 16, 2017

ကားအရောင်းပြခန်းနှင့် စင်တာ ၇၀ အခွန်ဆောင်ရန် ပျက်ကွက်ကြောင်း အစိုးရကြေညာ

ကားအရောင်းပြခန်းနှင့် စင်တာ ၇၀ အခွန်ဆောင်ရန် ပျက်ကွက်ကြောင်း အစိုးရကြေညာ


ကားအရောင်းပြခန်းနှင့် ကားအရောင်းစင်တာ ၇၀ သည် ၂၀၁၃ မှ ၂၀၁၆ အထိ ဘဏ္ဍာသုံး နှစ်အတွင်း သတ်မှတ်ထားသည့် ကျသင့်အခွန်များ ပေးဆောင်ရန် ပျက်ကွက်နေကြောင်း စစ်ဆေး တွေ့ရှိရသည်ဟု ပြည်တွင်း အခွန်များဦးစီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။

၂၀၁၃-၁၄၊ ၂၀၁၄-၁၅၊ ၂၁၀၅-၁၆ စည်းကြပ်နှစ်များ အတွက် အခွန်ပေးဆောင်ရန် ပျက်ကွက်မှုကို စစ်ဆေးတွေ့ရှိခဲ့ ကြောင်း ဇန်နဝါရီ ၁၅ ရက်က နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

‘‘ကျွန်တော်တို့ မူလစစ်ဆေး တွေ့ရှိထားတာ ကုမ္ပဏီ ၅၀ တည်းပါ။ ဇန်နဝါရီလထဲမှာ ထပ် စစ်တာ ကုမ္ပဏီ ၂၀ ထပ်တိုးလာ တယ်။ ဒါကြောင့် အရေအတွက် က အရမ်းများသွားတာ။ သူတို့ကို စာပို့ပြီးလည်း ဆက်သွယ်သွားမှာ ပါ’’ဟု ပြည်တွင်းအခွန်များဦးစီး ဌာန ကုမ္ပဏီများဆိုင်ရာ ဝန် ဆောင်မှုရုံး ညွှန်ကြားရေးမှူးက 7Day Daily သတင်းစာအား ဇန်န ဝါရီ ၁၅ ရက်တွင် ပြောသည်။

၎င်းတို့အား အခွန်ဆောင် ရန် ကြေညာချက်ထုတ်ချိန်ကစ၍ ခြောက်လကျော် ထပ်မံ အချိန်ပေးမည်ဖြစ်ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်ကုန်ချိန်ထိ အခွန်လာရောက်မဆောင်ပါက တည်ဆဲအခွန်ဆိုင် ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ အရေးယူခြင်း၊ တရားစွဲဆို ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 ကားအရောင်းစင်တာများ အနေဖြင့် အခွန်ဆောင်ရန် ပျက်ကွက်မှုများနေရခြင်းသည် Con -signment (အပ်ကုန်)စနစ်ဖြင့် တင်သွင်းလာသည့်ကားများကအခွန်ဆောင်ရန် ပျက်ကွက်မှု အများဆုံးဖြစ်ပြီး အဆိုပါစနစ်မှာ တစ်စီးလျှင် ကျပ်လေးသိန်းမှ ငါး သိန်းခန့် အခွန်ဆောင်ရသော ကြောင့် တစ်နှစ်စာဆိုပါက ကျပ်သိန်းထောင်နှင့်ချီ အခွန်ဆောင်နေရသည့် စနစ်ဖြစ်ကြောင်း MMMကားအရောင်းစင်တာ ပိုင်ရှင် ကိုမင်းမင်းမောင်က ရှင်းပြသည်။

Consignment အပ်ကုန် စနစ်ဖြင့် တင်သွင်းလာသည့် ကားများသည် ဆိပ်ကမ်းသို့ ရောက်ပါက အခွန်ဆောင်စရာ မလိုဘဲ  အဆိုပါကားရောင်းထွက်မှသာ အခွန် ဆောင်ရသည့်စနစ်ဖြင့် ကားအရောင်းစင်တာ အများစုက ကျင့်သုံးနေခြင်းဖြစ်သည်။

အဆိုပါ Consignment စနစ်သည် ပြည်တွင်း၌ ရောင်းချရခြင်းမရှိပါက မူလနိုင်ငံသို့ ပြန်လည်တင်ပို့ရသည့်စနစ်ဖြစ်သည်။

ကားအရောင်းပြခန်းများနှင့် အရောင်းစင်တာများတွင် Consi -gnment စနစ်ဖြင့် တင်သွင်း လာသည့် ကားများအတွက် ကြို တင်ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ အမြတ်ခွန်တို့ကို နှစ်စဉ်ပေးဆောင်ရန် သတ်မှတ်ထားကြောင်း ကားအရောင်းပြခန်းပိုင်ရှင်များက ပြောသည်။

မြန်မာနိုင်ငံတွင် မော်တော် ယာဉ်အရောင်းပြခန်း ၂၁ ခုနှင့် မော်တော်ယာဉ်အရောင်းစင်တာ စုစုပေါင်း ၁၉၀ ခန့်ရှိသည်။


Sources; 7Day News Journal


No comments:

Post a Comment