Latest News

Monday, January 16, 2017

မန္တလေးမြို့ အမှိုက်သိမ်းဆည်းမှုစနစ် အဆင့်မြှင့်တင်ရန် မြို့တော်အဆင့်ဦးစီးကော်မတီတစ်ခု ဖွဲ့စည်းမည်

မန္တလေးမြို့ အမှိုက်သိမ်းဆည်းမှုစနစ် အဆင့်မြှင့်တင်ရန် မြို့တော်အဆင့်ဦးစီးကော်မတီတစ်ခု ဖွဲ့စည်းမည်


မန္တလေးမြို့တွင် အ မှိုက်သိမ်းဆည်းမှုစနစ်ကို ပြည်သူ လူထု၏ ပူးပေါင်းမှုဖြင့် အဆင့် မြှင့်တင်ရန် မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးဆောင်ပြီး အရပ် ဘက်အဖွဲ့အစည်းများနှင့် တက္က သိုလ်များမှ ကိုယ်စားလှယ်များ ပါဝင်သည့်မြို့တော်အဆင့် ဦးစီး ကော်မတီတစ်ခု ဖွဲ့စည်းဆောင် ရွက်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘အမှိုက်သိမ်းစနစ် အဆင့် မြှင့်တင်မှုအတွက် ရှေ့ပြေးစီမံ  ချက်အနေနဲ့ အောင်မြေသာစံမြို့ နယ်မှာ စံပြရပ်ကွက်တစ်ခုထားပြီး စတင်ဆောင်ရွက်ဖို့ ရှိပါတယ်။ ရပ်ကွက်ရွေးချယ်တာနဲ့ ဆောင် ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို တော့ ဒီလအတွင်းမှာပဲ မြို့တော် အဆင့်ဦးစီးကော်မတီအတွက် အစည်းအဝေးခေါ်ပြီး ဆွေးနွေးမှု တွေပြုလုပ်မှာဖြစ်ပါတယ်’’ ဟု မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ သန့်ရှင်းရေးဌာန ဌာနခွဲမှူး ဦးစိုးတင့်အောင်ကပြော သည်။

ပြည်သူလူထု၏ ပူးပေါင်းပါ ၀င်မှုဖြင့် အမှိုက်ထိန်းသိမ်းမှုစနစ် မြှင့်တင်မည့်လုပ်ငန်းစီမံချက် ကို ကွပ်ကဲမည့်မြို့တော်အဆင့် ဦးစီး ကော်မတီတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်)က ဥက္ကဋ္ဌအ နေဖြင့် တာဝန်ယူထားပြီး ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊နည်း ပညာတက္ကသိုလ်များမှ ပါမောက္ခ များ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ အရပ်ဘက်အဖွဲ့အစည်း များမှကိုယ်စားလှယ်များနှင့် သန့် ရှင်းရေးဌာနက ဌာနမှူးများပါဝင် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရ သည်။

အမှိုက်ထိန်းသိမ်းမှုစနစ်မြှင့် တင်ရေးလုပ်ငန်းစဉ်များဆောင် ရွက်ရာတွင် စွန့်ပစ်အမှိုက်များ ကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု လျှော့ချနိုင်ရေး၊ ပြန် လည်အသုံးပြုနိုင်သောအရာဝတ္ထု များ ဖယ်ထုတ်ရယူကာ အမှိုက် ပမာဏ လျှော့ချနိုင်ရေး၊ အမှိုက် သိမ်းဆည်းမှု စနစ်မြှင့်တင်နိုင် ရေး၊ အများပြည်သူနှင့် သက် ဆိုင်သော ထင်ရှားသည့်နေရာ များတွင် စုပေါင်းသန့်ရှင်းရေး ပြု လုပ်ရေးတို့ ဆောင်ရွက်မည်ဖြစ် ပြီး အဆိုပါလုပ်ငန်းစဉ်တစ်ခုလုံး ၏ ရှေ့ပြေးစီမံချက်ကို ယခုနှစ် ဖေဖော်ဝါရီ၌ စတင်နိုင်ရန် စီစဉ် ထားကြောင်းသိရသည်။

လက်ရှိတွင် မန္တလေးမြို့ တော်မှ နေ့စဉ်ထွက်ရှိနေသော အမှိုက်များကိုသန့်ရှင်းရေးဌာနရှိ ၀န်ထမ်းအင်အား ၂,၂၃၂ ဦး၊ အ မှိုက်သယ်ကား ၂၂၈ စီး၊ အမှိုက် သယ်သုံးဘီးဆိုင်ကယ် ၁၈၀ စီး တို့ဖြင့် နေ့စဉ်လှည့်လည်၍ အ မှိုက်သိမ်းဆည်းလျက်ရှိရာ တစ် ရက်လျှင် ပျမ်းမျှအမှိုက်တန်ချိန် ၈၅၀ ခန့် သိမ်းဆည်းလျက်ရှိ သော်လည်း တစ်မြို့လုံးမှ စုစု ပေါင်းအမှိုက်ထွက်ရှိမှုနှုန်း၏ ၇၄ ရာခိုင်နှုန်းကိုသာ သိမ်းဆည်းနိုင် သေးကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။


Sources; 7Day News Journal

No comments:

Post a Comment