Latest News

Monday, January 9, 2017

ဒေါ်အောင်ဆန်းစုကြည် ပုဂံသို့ ယခုလကုန်ပိုင်း သွားမည်

ဒေါ်အောင်ဆန်းစုကြည် ပုဂံသို့ ယခုလကုန်ပိုင်း သွားမည်

နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် ငလျင်ဒဏ်ကြောင့် ပျက်စီး ခဲ့သည့်ရှေးဟောင်းပုဂံယဉ်ကျေးမှုမြို့တော်ရှိ စေတီပုထိုးများကိုဇန်န၀ါရီ တတိယပတ်တွင် သွားရောက်ကြည့်ရှုမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောကြားသည်။

ဇန်န၀ါရီ တတိယပတ်တွင် ဘူတန်နိုင်ငံဘုရင့်မိဖုရား၏မိ ခင်မယ်တော်မိဖုရားကြီးသည်မြန် မာနိုင်ငံသို့ လာရောက်လည်ပတ် မည်ဖြစ်ပြီး ယင်းမယ်တော်မိဖုရား ကြီးကို ဒေါ်အောင်ဆန်းစုကြည်က  ရှေးဟောင်းပုဂံမြို့တော်သို့ အ လည်အပတ်အဖြစ် လိုက်လံပို့ ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ရှေ့တစ်ပတ်ထဲမှာသွားမှာ ပါ။  ဘူတန်ဘုရင်မကြီးခရီးစဉ်ရှိပါ တယ်။ အဲဒါနဲ့ ဆက်စပ်ပြီးတော့ သွားတဲ့ခရီးစဉ်လို့ သိရပါတယ်။ မယ်တော်မိဖုရားကြီးလာမှာပါ။ သူ့ကိုလိုက်ပို့ရင်းသွားမှာပါ။ ဘု ရားတွေလည်း ကြည့်ရင်းပေါ့’’ဟု အမြဲတမ်းအတွင်းဝန်ဦးကျော်ဇေ ယျက 7Day Dailyအားပြောသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီး ခဲ့သော ပုဂံဒေသရှိ စေတီပုထိုးများကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပထမဆုံးအကြိမ်သွား ရောက်ကြည့်ရှုခြင်းဖြစ်သည်။

‘‘ဘူတန်က ဘုရင်လား မိဖု ရားလားလာမယ်ကြားတယ်။ အဲ ဒါကိုလိုက်ပို့ရင်းပုဂံလာမယ်လို့သိရတယ်။ ပုဂံမှာ နှစ်ညအိပ်မယ်လို့ သိရတယ်’’ဟု ကုလသမဂ္ဂပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ ယူနက်စကို ယဉ်ကျေးမှုဌာနအစီအစဉ်ညှိနှိုင်းရေးမှူးဒေါ်ဥမ္မာမျိုးက ပြောသည်။

ငလျင်ကြောင့်ပျက်စီးသွား သော ပုဂံမြို့ရှိ စေတီပုထိုးများကို ငလျင်လှုပ်ပြီး နောက်တစ်ရက် တွင် နိုင်ငံတော်သမ္မတဦးထင် ကျော်သွားရောက်ကြည့်ရှုစစ် ဆေးပြီး ဒုတိယသမ္မတ၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ သွား ရောက်ခဲ့ပြီးဖြစ်သည်။

ပျက်စီးသော ရှေးဟောင်းပုဂံမြို့ရှိ စေတီပုထိုးများအနက် အသေးစားပျက်စီးသည့် စေတီပုထိုး ၂၂၄ဆူကို တစ်ဆူချင်းအလိုက်ပြုပြင်လှူဒါန်းရန် စာရင်းပေးထားသည့် အလှူရှင် ၃၀၀ ကျော်ရှိနေကြောင်း ပုဂံ ရှေး ဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြော သည်။သြဂုတ် ၂၄ရက်က လှုပ်ခတ် သော အင်အားပြင်းချောက်ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ရှေးဟောင်းပုဂံမြို့ရှိ စေတီပုထိုး ၃၈၉ဆူအနက် အရေးပေါ်ထိန်းသိမ်းဆောင်ရွက်မှု အပိုင်းများ ပြီးစီးသည့်အသေးစားထိခိုက်ပျက်စီးခဲ့သော စေတီပုထိုး ၂၂၄ဆူအ တွက် ပြုပြင်မှုများကို နိုဝင်ဘာ ၂၅ရက်တွင် စတင်ခဲ့သည်။

Sources:သမ္မတရုံး/ 7 Day News Journal

No comments:

Post a Comment