Latest News

Sunday, January 1, 2017

မက္ကဆီကိုမှာ လောင်စာဆီဈေးမြင့်တက်တာကြောင့် လူထု လမ်းပေါ်ထွက် ဆန္ဒပြ။

မက္ကဆီကိုမှာ လောင်စာဆီဈေးမြင့်တက်တာကြောင့် လူထု လမ်းပေါ်ထွက် ဆန္ဒပြ။

မက္ကဆီကိုနိုင်ငံမှာ လောင်စာဆီဈေး ရုတ်တရက်မြင့်တက်သွားတာကြောင့် ဇန်န၀ါရီလ-၁ ရက်နေ့က လူထုစိတ်ဆိုးပြီး လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။

 လောင်စာ ဆီဈေးဟာ ဇန်န၀ါရီလထဲမှာ ၂၀% အထက် မြင့်တက်မဲ့အကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပီးခဲ့တဲ့သီတင်းပတ်ထဲမှာ တရားဝင် ကြငြာခဲ့ပါတယ်။

ဆန္ဒပြသူတွေက  “ ပဲန်နာ ထွက်သွား-ထွက်သွား” ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး လက်ရှိသမတ အန်ရစ်ကဲ-ပဲန်နာ-နီယဲတိုး (Enrique Pena Nieto) နှုတ်ထွက်ဖို့ တောင်းဆို ခဲ့ကြပါတယ်။

ဆန္ဒပြသူတစ်ဦးက “လောင်စာဆီကိစ္စက ပြသနာတစ်ခုဖြစ်နေပါတယ်။ ဈေးတက်တာက ပြသနာမဟုတ်ပါဘူး။ အစိုးရက အနှစ် ၃၀ လောက် လောင်စာဆီသန့်စင်စက်ရုံ မဆောက်လုပ်တာက အဓိကပြသနာဖြစ်ပါတယ်။ အခွန်ငွေအားလုံးကို သူတို့က ခိုးယူနေပါတယ်။   ဒါေ့ကြာင့် လောင်စာဆီကို ပြည်ပကနေ တင်ပို့နေရတယ်”လို့ ဝေဖန်သွားပါတယ်။

 နောက်ဆန္ဒပြသူတစ်ဦးကလည်း “  အစိုးရလုပ်ခဲ့တဲ့အပေါ် အပြည့်အ၀ ကန့်ကွက်ကြောင်း ဆန္ဒပြတာပါ။ လောင်စာဆီပြ သနာကြောင့် တိုင်းပြည်ပျက်ဆီးပါလိမ့်မယ်” လို့ ပြောကြားသွားပါတယ်။

 စီးပွားရေးကြပ်တည်းတဲ့ မက္ကဆီကိုနိုင်ငံမှာ ဓါတ်ဆီ-ဒီဇယ်ဆီဈေးဟာ ချမ်းသာပြီး ကမ္ဘာ့လောင်စာ ဆီဈေးကွက်ကိုချုပ်ကိုင်ထားတဲ့ အိမ်နီးချင်း အမေရိကန်ပြည်ထောင်စုထက် ပိုမြင့်တက်နေကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

Sources;Aye Aye Mon DVB Journalist

No comments:

Post a Comment