Latest News

Sunday, January 1, 2017

လမ်းခွဲသွားတဲ့ ဇနီးနဲ့ သားဖြစ်သူကို ခင်ပွန်းဟောင်းက နှစ်သစ်ကူးညမှာ ပစ်ခတ်သတ်ဖြတ်ခဲ့။

လမ်းခွဲသွားတဲ့ ဇနီးနဲ့ သားဖြစ်သူကို ခင်ပွန်းဟောင်းက နှစ်သစ်ကူးညမှာ ပစ်ခတ်သတ်ဖြတ်ခဲ့။

ဘရာဇီးလ်နိုင်ငံ အရှေ့တောင်ပိုင်း ကမ်ပီးနာ့စ် (Campinas) မြို့မှာ ဒီဇင်ဘာလ-၃၁ ရက်နေ့က New Year နှစ်သစ်ကူးပွဲကျင်းပနေတဲ့ နေအိမ်တစ်လုံးကို သေနတ်သမားတစ်ဦးက ၀င်ရောက်ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ-၁၁ ဦးသေဆုံးခဲ့ပါတယ်။

 အဲ့ဒီ့နောက် သေနတ်သမားဟာ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့ပါတယ်။

မိသားစု နှစ်သစ်ကူးပွဲတော်ကျင်းပနေစဉ် ညဥ့်သန်းခေါင်ယံလောက်မှာ သေနတ်သမားရောက်လာပြီး ရုတ်တရက် ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

 ဆောက်ပေါ်လို (São Paulo) ရဲတပ်ဖွဲ့ကေ တာ့ သေနတ်သမားဟာ ဇနီးဖြစ်သူက လမ်းခွဲသွားတဲ့အတွက် စိတ်ဆိုးပြီး အခုလို လာရောက်ပစ်ခတ်တာလို့ ပြောပါတယ်။

အခုသေဆုံးသူ ၁၁-ဦးထဲမှာ သေနတ်သမားရဲ့ ဇနီးဟောင်းနဲ့ အသက်-၈ နှစ်အရွယ် သားငယ်လည်း ပါဝင်ပါတယ်။

ဘရာဇီးလ်နိုင်ငံမှာ ရာဇ၀တ်မှုနဲ့ အကြမ်းဖက်မှုတွေ မြင့်တက်နေပေမဲ့ အခုလို မိသားစုဝင်အချင်းချင်း ပစ်ခတ်သတ်ဖြတ်တာဟာ ပုံမှန်ဖြစ်လေ့ဖြစ်ထ မဟုတ်ကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

Sources;Aye Aye Mon DVB Journalist

No comments:

Post a Comment