၂၀၁၆ တွင် ကမ္ဘာတ၀ှမ်း ရှိ ထင်ရှားသော ဖြစ်စဉ်များ (၃)
ရေနံ ဈေးနှုန်း
ဂျန်န၀ါရီလက ကမ္ဘာ့ရေနံဈေးနှုန်းသည် ၁၂ နှစ်ကာလ အတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ရပြီး အကျိုးဆက် အဖြစ် ရေနံ တင်ပို့ ရောင်းချသော နိုင်ငံ များ စတင် ထိခိုက်လာခဲ့ရပါတယ်။ ဆော်ဒီအာရေဗီယား သည် ၎င်း၏ သမိုင်းတွင် ပထမဆုံး အဖြစ် နိုင်ငံတကာသို့ ငွေချေးစာချုပ်များ ထုတ်ရောင်းလာခဲ့ရသည့်အထိ ဖြစ်လာခဲ့ပါတယ်။
ထို့အတွက် ကမ္ဘာဈေးကွက်တွင် ရေနံများ အလျံပါယ် ဖြစ်လာနေမှုကို လျော့နည်းသွားစေရန် နှင့် ဈေးနှုန်း မြင့်တက်လာစေရန် ရေနံ တင်ပို့ ရောင်းချသော နိုင်ငံများ အဖွဲ့ အိုပက်မှ ထုတ်လုပ်မှု ကို ဖြတ်တောက်ရန် နောက်ဆုံးမှာ သဘောတူညီမှုရခဲ့ကြပါတယ်။
လူမပါ သည့် ယာဉ်
Telsa မှ ထုတ်လုပ် စမ်းသပ်နေသော လူမပါပဲ မောင်းနှိုင်သည့် မော်တော်ကားသည် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ကားပေါ်တွင် လိုက်ပါလာသူ သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ သို့သော် Google မှ စမ်းသပ်နေသော လူမပါသည့် ယာဉ်သည် င်္ကီလိုမီတာ ၂ သန်း ခန့် သွားခဲ့သော်လည်း မတော်တဆမှု အနည်းငယ် ဖြစ်ယုံမှ လွဲ၍ လူ အသေအပျောက် မရှိသေးဟု ဆိုပါတယ်။
အလားတူ Uber တက္ကင်္ဆီ မှလည်း အမေရိကန် ပစ်စဘတ် မြို့တွင် လူမပါသည့် ယာဉ်များအား စတင် စမ်းသပ် မောင်းနှင်နေပြီ ဖြစ်ပါတယ်။
မောင်းသူ သာ မပါသော်လည်း အင်ဂျင်နီယာ နှင့် နောက်ထပ် ယာဉ်မောင်း အရံတယောက်က တခုခု အမှားအယွင်း ဖြစ်ပါက ၀င်ရောက် ထိမ်းသိမ်းနိုင်ရန် ကားပေါ်တွင် အဆင့်သင့် လိုက်ပါလျက် ရှိဆဲ ဖြစ်ပါတယ်။
ကျူးဘား
၁၉၂၈ မှ စတင် ရေတွက်မည်ဆိုလျင် အိုဘားမားသည် ကျူးဘားနိုင်ငံသို့ ပထမဆုံး ရောက်ရှိခဲ့သော အမေရိကန် သမ္မတ တယောက် အဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ ဆယ်ဦး နှင့် ရင်ဆိုင်ခဲ့ရသော ကျူးဘားခေါင်းဆောင် ဖီးယ် ကက်စထရိုသည် အသက် ၉၀ အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
သဘာဝ ဘေးအန္တရာယ်
အတ္တလနိတိတ် သမုဒ္ဒရာကို ဖြတ်သန်းတိုက်ခတ်ခဲ့သော မက်သယူး ဟု အမည်ပေးထားသည့် ဟာရီကိန်း မုန်တိုင်းကြီးသည် ဟေတီ နိုင်ငံရှိ လူပေါင်း ၁၆၀၀ ရဲ့ အသက်ကို နှုတ်ယူသွားခဲ့သဖြင့် ယခုနှစ်အတွင်း အဆိုးဝါးဆုံး သဘာဝ ဘေးအန္တရာယ် ကြီး အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
အီကွေဒိုး နှင့် အီတလီ နိုင်ငံများတွင် လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် လူပေါင်း ရာချီ၍ သေဆုံးခဲ့ရပြန်ပါတယ်။
တူရကီ
တပ်တွင်း အုပ်စုတစုက အာဏာသိမ်းရန် ကြိုးပမ်းခဲ့ရာတွင် ပြည်သူ အများက လမ်းပေါ်ထွက်၍ အစိုးရ ကို ထောက်ခံကြောင်း ပြသခဲ့ကြသဖြင့် မအောင်မြင်ပဲ ပျက်ပြားသွားခဲ့ရပါတယ်။ (ပုံတွင် ဖမ်းဆီးခံခဲ့ရသော စစ်သားများရဲ့ ပစ္စည်းများကို တွေ့နိုင်ပါတယ်)။ သမ္မတ အာဒိုဂန်က တချိန်က ၎င်း၏ မဟာမိတ် ဖြစ်သော ဘာသာရေး ခေါင်းဆောင် ဂူလန် အား သစ္စာခံသော အဖွဲ့များက ယှဉ်ပြိုင် အစိုးရ ဖွဲ့စည်းရန် ကြိုးပမ်းမှု အဖြစ် အပြစ်ပုံချခဲ့ပါတယ်။
သို့အတွက် အာဒိုဂန်က ရရှိလာသော အခွင့်အရေးကို လက်လွှတ်မခံပဲ ဂူလင် ဂိုဏ်းဝင်များဟု ယူဆသူ တသိန်းခွဲ ခန့်အား ဖမ်းဆီးခြင်း (သို့မဟုတ်) ရာထူးမှ ထုတ်ပါယ်ခြင်းများ အလျင်အမြန် ပြုလုပ်ခဲ့ပါတယ်။
ထိုင်း
ကမ္ဘာပေါ်တွင် အသက်ရှည်ဆုံး ဘုရင်တပါးဟု စာရင်းဝင်ခဲ့သူ ထိုင်း ဘုရင် ဘူမိဘော အဒူယာဒက်သည် သက်တော် ၈၈ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါတယ်။ ထို့အတွက် နိုင်ငံတွင်း တနှစ်ပါတ်လုံကို ၀မ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် ကြေငြာခဲ့ပြီး ၂၀၁၇ အကုန်ပိုင်းတွင် မီးသဂြိုလ်ရန် စီစဉ်ထားသည်ဟု သိရပါတယ်။
ယခုအခါ အသက် ၉၀ ပြည့်တော့မည် ဖြစ်သော အင်္ဂလန် ဘုရင်မကြီး အယ်လီဇဘက်သည် ကမ္ဘာ သက်ရှည် ဘုရင်မကြီး အဖြစ် စာရင်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။
အမေရိကန် ဗဟို တရားရုံးချုပ်
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလက ကွယ်လွန်သွားခဲ့သော ဗဟို တရားရုံး တရားသူကြီး Antonin Scalia နေရာတွင် ခန့်အပ်ရန် အိုဘာမား၏ အမည်စာရင်းတင်သွင်းထားသူကို ရိပါတ်ဘလီကင်တို့ ထိမ်းချုပ်ထားသော ကွန်ဂရက်က အတည်ပြုရန် ငြင်းဆိုခဲ့သဖြင့် ပြီးခဲ့သည့် တနှစ်ပါတ်လုံး တရားသူကြီး ရှစ်ဦးနှင့်သာ စခန်းသွားခဲ့ရပြီး မဲအရည်အတွက် တူညီနေသော အမှုများ ကြန့်ကြာခဲ့ရပါတယ်။
ဗဟိုဘဏ်များ
ကမ္ဘာပေါ်ရှိ ဗဟိုဘဏ်များက အတိုးနှုန်းများကို လွန်ရော ကျွံရော နိမ့်ချခဲ့ကြယုံမျှမက အချို့ အနှုတ်လက္ခဏ အတိုးနှုန်းပင် သတ်မှတ်ပေးခဲ့ကြရပါတယ်၊ ဒီအတွက် ဝေဖန်သူများက စီးပွားရေး တိုးတက်မှုအား အဟန့်အတား ဖြစ်စေခဲ့တယ်လို့ ပြောခဲ့ကြပါတယ်။
အမေရိကန် ဗဟိုဘဏ်ကတော့ ၂၀၀၆ ခုနှစ်မှ စလျင် .ယခုအခါ ဒုတိယ အကြိမ် အဖြစ် အတိုးနှုန်းများ မြှင့်တင်လာခဲ့ပါတယ်။
ကိုးကား။ ။ The Economist (UK)
ဆက်လက် တင်ပြပါမယ်
HSW
Sources ; Brain Wave
Subscribe to:
Post Comments (Atom)
No comments:
Post a Comment