Latest News

Saturday, January 7, 2017

ကားအရောင်းပြခန်း ဖွင့်လှစ်ရေး အာမခံကို ဒေါ်လာအစား ကျပ်ငွေဖြင့် ပြောင်းလဲအသုံးပြုရန် စီစဉ်နေဟုဆို

ကားအရောင်းပြခန်း ဖွင့်လှစ်ရေး အာမခံကို ဒေါ်လာအစား ကျပ်ငွေဖြင့် ပြောင်းလဲအသုံးပြုရန် စီစဉ်နေဟုဆို

ကားအရောင်းပြခန်း များအသစ်ဖွင့်လှစ်ရာတွင် ဘဏ် ၌ အာမခံအပ်နှံထားမှုကို အမေရိ ကန်ဒေါ်လာအစား ကျပ်ငွေသို့ ပြောင်းလဲအသုံးပြုရန် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနက စီစဉ်နေကြောင်း သ တင်းရရှိသည်။

ပြည်တွင်း၌ ဒေါ်လာအသုံး ပြုမှုလျှော့ချရန် ဗဟိုဘဏ်၏ညွှန် ကြားချက်နှင့် ငွေစာရင်းအပြောင်းအလဲကြောင့် ဒေါ်လာဈေး မြင့်တက်မှုကို ကာကွယ်ရန်ကားအရောင်းပြခန်းများ ဖွင့်လှစ်ပါက ဘဏ်၌ အပ်နှံရမည့် အာမခံငွေဒေါ်လာတစ်သိန်းကို အမေရိကန်ဒေါ်လာအစား ကာလပေါက်ဈေးနှင့်ညီမျှသည့် မြန်မာကျပ်ငွေကိုသာပြောင်းလဲအသုံးပြုရန် စီစဉ်ရခြင်းဖြစ်သည်ဟု စီးပွားကူးသန်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်က ပြောကြားသည်။

ဒေါ်လာနှင့်အာမခံထားမှုကို မြန်မာကျပ်ငွေသို့ပြောင်းလဲခြင်း သည် ကားအရောင်းပြခန်းအသစ် ဖွင့်လှစ်လိုသည့် လုပ်ငန်းရှင်များအတွက် အခက်အခဲမရှိဘဲ အာမခံ ငွေဘဏ်၌ အပ်နှံထားမှုကြောင့် ဘဏ် အတိုးနှုန်း ခံစားရမည်ဟု မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်း ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

အစိုးရဌာနများနှင့် ပုဂ္ဂလိက လုပ်ငန်းများ၊ အဖွဲ့အစည်းများက ကုန်ပစ္စည်းများအရောင်းအ၀ယ် ပြုလုပ်ရာတွင် ငွေပေးချေမှု၌ နိုင် ငံခြားငွေကို အသုံးပြုနေသဖြင့် မြန်မာကျပ်ငွေတစ်မျိုးတည်းသာ အသုံးပြုရေးညှိနှိုင်းဆောင်ရွက် ရန်ဗဟိုဘဏ်က ၂၀၁၆ ဇန်န၀ါရီ တွင် ထပ်မံစာထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဌာန များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ အနေဖြင့် မိမိ လက်အောက်ခံအဖွဲ့အစည်းများ နှင့် ဆက်စပ်ဆောင်ရွက်နေသော ကုန်ပစ္စည်းများ ၀ယ်ယူရောင်းချ ခြင်း၊ ၀န်ဆောင်မှုဆောင်ရွက်ရန် ပေးချေခြင်းနှင့် ဈေးနှုန်းဖော်ပြ ခြင်းကိစ္စများ၌နိုင်ငံခြားသုံးငွေဖြင့် သတ်မှတ်ခြင်း၊ သုံးစွဲခြင်းများမပြု လုပ်ရန် ဗဟိုဘဏ်က ထုတ်ပြန် သည့်စာတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် သည် ၂၀၁၅ အောက်တိုဘာ၌  လည်း ပြည်တွင်းနိုင်ငံခြားငွေတန် ဖိုးတည်ငြိမ်စေရန် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများအား ငွေ ပေးချေမှုများကို ကျပ်ငွေတစ်မျိုး တည်းသာ အသုံးပြုရန် စာထုတ်ခဲ့သည်။

Sources; 7 Day News Journal

No comments:

Post a Comment