Latest News

Saturday, January 7, 2017

ယုံကြည်မှုအပြည့်နဲ့ ရိုက်ကူးထားတဲ့ ရွှေမှုံရတီရဲ့ အလန်းစားဓာတ်ပုံများ

ယုံကြည်မှုအပြည့်နဲ့ ရိုက်ကူးထားတဲ့ ရွှေမှုံရတီရဲ့ အလန်းစားဓာတ်ပုံများ

ခန္ဓာကိုယ်က အရင်ကထက် လှလာပါတယ်။

ရွှေမှုံရတီကတော့ ယုံကြည်မှုအပြည့်နဲ့ ရိုက်ကူးထားတဲ့ သူမရဲ့ အလန်းစားဓာတ်ပုံတွေကို ဇန်နဝါရီ(၇)ရက်နေ့ နေ့လည်က ဖေ့စ်ဘွတ်ပေါ်တင်လိုက်ပါတယ်။ ရေကူးဝတ်စုံလေးနဲ့ ရိုက်ကူးထားတဲ့ ရွှေမှုံရဲ့ ပုံတွေကတော့ sexy ကျပြီး လှပလို့နေပါတယ်။
သူမရဲ့ ခန္ဓာကိုယ်အလှကို ဖော်ပြထားပြီး သူမကိုယ်တိုင်ကလည်း ယုံကြည်မှု အပြည့်နဲ့ ရိုက်ကူးထားတဲ့ ပုံတွေ ဖြစ်ကြောင်းကို "Feeling Confident" ဆိုပြီး ရေးသားထားပါတယ်။
ငယ်ရွယ်ပြီး တစ်နေ့တစ်ခြားလှပလာတဲ့ ရွှေမှုံရတီရဲ့ ပုံရိပ်လေးတွေကတော့ မြင်ရသူ ပရိသတ်တွေအတွက် အံ့သြလောက်စရာ ဖြ စ်ပါတယ်။ ဆံပင်အတိုလေး ညှပ်ထားပြီး ရေကူးဝတ်စုံအတိုလေးနဲ့ ရိုက်ကူးထားတဲ့ ပုံလေးတွေက ချစ်စရာကောင်းလှပါတယ်။ အသက် (၁၈)ကျော်သာ ရှိသေးတဲ့ ရွှေမှုံရတီဟာ "အနုပညာပျိုးခင်း ၁"ရဲ့ စင်တင်မင်းသမီးတစ်ဦးအနေနဲ့ အနုပညာ လောကထဲကို ရောက်ရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
ငယ်ရွယ်နုပျိုတဲ့ သူမရဲ့ အလှအပနဲ့ သွက်လက်ချက်ချာတဲ့ သူမရဲ့ ပုံစံလေးက ပရိသတ်တွေကို သဘောကျ နှစ်သက်စေသူ တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ရွှေမှုံရတီကတော့ ယခုလက်ရှိမှာ ပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်လို့လာပြီ ဖြစ်ပါတယ်။



Sources & Photo : ရွှေမှုံရတီ ဖေ့စ်ဘွတ်, Instagram Duwun

No comments:

Post a Comment