Latest News

Monday, January 9, 2017

မျက်စိဆရာဝန် ပြသင့်တဲ့ လက္ခဏာ (၇) ခု

မျက်စိဆရာဝန် ပြသင့်တဲ့ လက္ခဏာ (၇) ခု



၁ - ဝေဝါး
အမြင်ဝေဝါးမှု စတင်ဖြစ်ပေါ်တာပါ။ စတင်ဖြစ်ပေါ်တဲ့အချိန်မှာပဲ ဂရုစိုက်သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ အဆိုပါ ဝေဝါးမှုဟာ ပိုပိုဆိုးလာပါတယ်။

၂ - အခက်အခဲ
စာရေးတာ၊ ပုံဆွဲတာ၊ ကွန်ပြူတာနဲ့အလုပ်လုပ်နေရပြီး အာရုံစူးစိုက်မှု အရင်ကလောက် အားမကောင်းတာကလည်း မျက်လုံးပြဿနာ ဖြစ်တတ်ပါတယ်။ မျက်လုံးကြွက်သားတွေလျော့ရဲလာတဲ့ presbyopia လက္ခဏာတစ်မျိုး ဖြစ်ပါတယ်။ ဒီလိုလက္ခဏာမျိုးဟာ အသက်ကြီးလာတာနဲ့ အမျှ ဖြစ်တတ်ပါတယ်။

၃ - မျက်လုံးစွေ
တစ်စုံတစ်ခုကို အာရုံစိုက်ကြည့်တဲ့အခါ ရှင်းလင်းပြတ်သားမှုရှိဖို့ မျက်လုံးကို စွေကြည့်တဲ့ အကျင့်ရှိလာတာ ဖြစ်ပါတယ်။ ဒါကလည်း မျက်လုံးပြဿနာ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။


၎ - နှစ်ထပ်ဖြစ်တယ်
ကြည့်လိုက်တဲ့အရာဝတ္ထုတွေက နှစ်ထပ်ဖြစ်နေတာပါ။ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်း အမျိုးမျိုး ရှိတတ်ပါတယ်။ ဒီလိုဖြစ်ရင် မပေါ့ဆသင့်ပါဘူး။ မျက်မှန်တပ်ပြီး ပြင်ဆင်လို့ရနိုင်ပါတယ်။

၅ - ခေါင်းကိုက်တယ်
ခေါင်းကိုက်တာမျိုး ဖြစ်တဲ့အခါ မျက်လုံးနဲ့လည်း ဆိုင်တတ်ပါတယ်။


၆ - အမှောင်
အမှောင်ထဲမှာ ကြည့်တဲ့အခါ ပုံမှန်အမြင်အာရုံမျိုး မရတတ်တာဟာလည်း မျက်လုံးပြဿနာရှိနေတာပါ။ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ညဘက်ကားမောင်းတဲ့အခါမျိုး၊ ရုတ်တရက် လမ်းကူးတဲ့အခါမျိုးမှာ ပြဿနာ ရှိနိုင်ပါတယ်။


၇ - အလင်း
အလင်းကို ကြည့်တဲ့အခါ ပုံမှန်မဟုတ်တာမျိုးကလည်း ဆရာဝန်နဲ့ ချက်ချင်းပြသင့်တဲ့ လက္ခဏာမျိုးပါ။

Photos & Source: wikiHow/Duwun

No comments:

Post a Comment