Latest News

Monday, January 9, 2017

Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်မယ့် ထက်ထက်ထွန်း

Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်မယ့် ထက်ထက်ထွန်း

ဇန်နဝါရီ(၁၂)ရက်နေ့မှာ ပြိုင်ပွဲကျင်းပရာ ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်မှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss Universe 2016 ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ထက်ထက်ထွန်းက သွားရောက်ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ ထက်ထက်ထွန်းကတော့ ဇန်နဝါရီ(၁၂)ရက်နေ့ နံနက်ပိုင်းမှာ ရန်ကုန်မှ ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာမှာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၆ခုနှစ်ထဲမှာ ပြိုင်ပွဲအတွက် ပြင်ဆင်မှုများစွာ လုပ်ခဲ့တဲ့ Miss Universe Myanmar ထက်ထက်ထွန်းဟာ Miss Universe ပြိုင်ပွဲတွင် Talent ပိုင်းအနေနဲ့ DJ စွမ်းရည်ကို ပြသသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ သူမအနေနဲ့ Talent ပြိုင်ပွဲမှာ တကယ်ကျွမ်းကျင်တဲ့ DJ  Performance ကိုပဲ သေချာပြင်ဆင်ပြီး ယှဉ်ပြိုင်ဖို့ ဆုံးဖြတ် ထားတယ်လို့ ဆိုပါတယ်။ သူမအနေနဲ့ DJ နဲ့ ပတ်သက်ပြီး ၂၀၁၄ ခုနှစ်လောက်ကတည်းက လေ့လာခဲ့တာ ဖြစ်ပြီး သူမရဲ့ အိမ်မှာလည်း DJ သင်တန်းဖွင့်ထားတာကြောင့် DJ နဲ့ ပတ်သက်ပြီး နီးစပ်တယ်လို့ သူမက အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။  National Costume ဝတ်စုံကိုလည်း ဇာတ်ခုံပေါ်မှာ ရုပ်သေးရုပ်မင်းသမီးလေး ကနေတဲ့ ပုံကို ဖန်တီးထားတယ်လို့လည်း သိရပါတယ်။ စင်ပေါ်ကိုတက်လာပြီး လိုက်ကာလေးဖွင့်လိုက်တဲ့အခါ နောက်က ပန်းချီကားလေးပေါ်လာပြီး မင်းသမီးလေးကပြတဲ့ ပုံစံမျိုးနဲ့ တင်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Philippines နိုင်ငံ၊ Mall of Asia Arena, Pasay, Metro Manila တွင် ကျင်းပပြုလုပ်မည့် (၆၅)ကြိမ်မြောက် Miss Universe ပြိုင်ပွဲအတွက် အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ထားတဲ့ ထက်ထက်ထွန်းကတော့  ပြိုင်ပွဲမှာ ဘာဆုမျိုး ယူလာပေးမယ်လို့ အာမမခံနိုင်ပေမဲ့ လူတစ်ယောက် လုပ်နိုင်သမျှ အကောင်းဆုံး လုပ်သွားမယ်လို့ သူမက ဆိုပါတယ်။

Sources; Duwun

No comments:

Post a Comment