Latest News

Tuesday, January 17, 2017

ဖေဖော်ဝါရီထဲထွက်မယ့် အိမ့်ချစ်ရဲ့ တတိယခွေ

ဖေဖော်ဝါရီထဲထွက်မယ့် အိမ့်ချစ်ရဲ့ တတိယခွေ

"အိမ့်ချစ်ဟုခေါ်သည်" လို့ နာမည်ပေးထားပါတယ်။

အိမ့်ချစ်(Eint Chit)ကတော့ သူမရဲ့ တတိယတစ်ကိုယ်တော်အခွေကို ဖေဖော်ဝါရီလထဲမှာ ပရိသတ်တွေလက်ထဲ အရောက်ပို့ပေးတော့မှာ ဖြစ်ပါတယ်။ "အိမ့်ချစ်ဟုခေါ်သည်" လို့ နာမည်ပေးထားတဲ့ သူမရဲ့ အခွေကို ဖေဖောဝါရီ(၁၂)ရက်နေ့မှာ စတင်ဖြန့်ချိသွားမှာပါ။ အဲ့ဒီသီချင်းခွေထဲမှာ လူငယ်ကြိုက် သီချင်းလေးတွေ ပါဝင်သလို အချစ်သီချင်းလေးတွေလည်း ထည့်သွင်းထားတဲ့ သူမရဲ့အခွေကတော့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူညီစေမှာ ဖြစ်ပါတယ်။


အိမ့်ချစ်ရဲ့ "အချစ်ရေး"

ပရိသတ်တွေအတွက် သီချင်းသစ်တွေ နားထောင်နိုင်ဖို့ ကြိုးစားနေသလို သူမရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ Emily Brand ကိုလည်း ထုတ်လုပ်သွားဖို့  ရှိပါတယ်။ အဲ့ဒီ နာမည်နဲ့ အဝတ်အစားနဲ့ ဦးထုပ်တွေကို ထုတ်သွားမှာ ဖြစ်ပြီး အခွေနဲ့ တစ်ခါတည်း ထုတ်လုပ်ဖြန့်ချိဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေးပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်းခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။

Sources: Photo : အိမ့်ချစ် ဖေ့စ်ဘွတ်: Duwun

No comments:

Post a Comment