Latest News

Saturday, January 7, 2017

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်လိုင်းပြေးဆွဲသူ ယာဉ်ပိုင်ရှင် ၊ယာဉ်နောက်လိုက်များသိသာရန်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်လိုင်းပြေးဆွဲသူ ယာဉ်ပိုင်ရှင် ၊ယာဉ်နောက်လိုက်များသိသာရန်


၁၆.၁.၁၇ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း
အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်သစ်စတင်တော့မည်
ဖြစ်ပါသည်။


ယခုလက်ရှိပြေးဆွဲနေသောယာဉ်လိုင်းများအားလုံးသည်
၁၅.၁.၁၇ ရက်နေ့ ည တွင်ဖျက်သိမ်းမည်ဖြစ်ပါသည်။


ထို့ကြောင့်စနစ်သစ်တွင်ပြေးဆွဲမည့်ကုမ္ပဏီများနှင့် ဆက်သွယ်
ထားခြင်းမရှိသေးသော ယာဉ်များသည် အောက်ဖော်ပြပါလိပ်စာ
တွင် လျှောက်လွှာယူ၍ စာရင်းပေးသွင်း မှတ်ပုံတင်ရပါမည်။


လျှောက်ထားရမည့်လိပ်စာ - ရန်ကုန်အရှေ့ပိုင်းခရိုင်စုပေါင်းရုံး
ဗြဟ္မစိုရ်လမ်း (၄) ရပ်ကွက် ၊တောင်ဥက္ကလာပမြို့နယ်

လျှောက်လွှာစတင်လက်ခံသည့်ရက်  - ၇.၁.၁၇
လျှောက်လွှာပိတ်မည့်ရက်              - ၁၀.၁.၁၇ (ရုံးချိန်အတွင်း)



အောက်ဖော်ပြပါလျှောက်လွှာများအားကူးယူ၍ရန်ကုန်အရှေ့ပိုင်း
ခရိုင်စုပေါင်းရုံးသို့လာရောက်စာရင်းပေးသွင်းမှတ်ပုံတင်နိုင်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး

သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့


No comments:

Post a Comment