Latest News

Saturday, January 21, 2017

မုံရွာတွင် ရဲဝန်ထမ်း အယောင်ဆောင် အမျိုးသမီး ထောင်ဒဏ်သုံးလ ချမှတ်ခံရ

မုံရွာတွင် ရဲဝန်ထမ်း အယောင်ဆောင် အမျိုးသမီး ထောင်ဒဏ်သုံးလ ချမှတ်ခံရ

မုံရွာမြို့ မြဝတီရပ်ကွက် တွင် အမျိုးသမီး  ရဲတပ်ဖွဲ့ဝင် အယောင်ဆောင် သွားလာနေ သော အမျိုးသမီးတစ်ဦးကို ဇန် နဝါရီ ၂၀ ရက်က မုံရွာမြို့နယ် တရားရုံးက ထောင်ဒဏ် သုံးလ အမိန့်ချမှတ်ခဲ့ကြောင်း တရားလို အဖြစ် တိုင်ကြားခဲ့သော မုံရွာမြို့ နယ်မြေရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ် ကိုကိုအောင်က ပြောသည်။

‘‘ရဲမေအယောင်ဆောင်တဲ့ အမျိုးသမီးကို ထောင်ဒဏ်သုံးလ အမိန့်ချခဲ့တယ်။ မုံရွာတရားရုံးက မနေ့က (ဇန်နဝါရီ ၂၀ ရက်)နေ့ ချင်းတရားစွဲပြီး နေ့ချင်းအမိန့်ချ လိုက်တာပါ။ ပြစ်မှုလည်း ထင် ရှားပြီး  သူကိုယ်တိုင်က ဝန်ခံ တယ်’’  ဟု ဒုရဲအုပ် ကိုကိုအောင် က ပြောသည်။

မုံရွာမြို့ မြဝတီရပ်ကွက် ရွှေတောင်ကြားလမ်းနေထိုင်သော အသက် (၂၇)နှစ်အရွယ် အမျိုး သမီး၏ နေအိမ်ကို ဇန်နဝါရီ ၁၈ ရက်က မုံရွာမြို့နယ်မြေ ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေးခဲ့ရာ မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တံဆိပ်ပါ အမျိုးသမီး ရဲတပ်ဖွဲ့ဦးထုပ်တစ် လုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဘက်တံဆိပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဘတ်တံဆိပ်ပါ ယူနီ ဖောင်းအင်္ကျီတစ်ထည်နှင့် အမျိုးသမီး ရဲတပ်ဖွဲ့ဝင်များ ဝတ်ဆင် သည့် စကတ်တစ်ထည်တို့ကို သိမ်းဆည်းရမိခဲ့သည်။

Sources: မျိုးမင်းဦး ( 7Day News Journal )

No comments:

Post a Comment