Latest News

Saturday, January 7, 2017

အုန်းဆီရဲ့ ဆေးဘက်ဝင် အာနိသင် (၇) မျိုး

အုန်းဆီရဲ့ ဆေးဘက်ဝင် အာနိသင် (၇) မျိုး

အုန်းဆီဆိုတာ ဆံပင်မှာပဲ လိမ်းရတယ်လို့ လူအများစုက မှတ်ယူထားကြတာပါ။

တကယ်တော့ အုန်းဆီကို ဆံပင်တစ်မျိုးတည်းအတွက်တင် မဟုတ်ဘဲ တခြားသုံးလို့ရတဲ့ နေရာတွေ အများကြီးရှိပြီး စားသုံးခြင်းအားဖြင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။

(၁) ဦးနှောက်စွမ်းဆောင်ရည် မြှင့်တင်ပေးတယ်

အုန်းဆီထဲမှာပါတဲ့ Fatty Acid ဟာ ဦးနှောက်ဆဲလ်တွေကို စွမ်းအင်ဖြည့်တင်းပေးနိုင်တဲ့ မောလီကျူးတွေအတွင်း သွေးပမာဏကို မြှင့်တင်ပေးနိုင်တဲ့အတွက် အယ်လ်ဇိုင်းမားရောဂါကြောင် ဖြစ်တဲ့ နောက်ဆက်တွက်လက္ခဏာများကို သက်သာ လျော့ပါးစေပါတယ်တဲ့။


(၂) ကိုလက်စထရောကျစေပြီး နှလုံးကျန်းမာရေးကောင်းမွန်စေတယ်

နှလုံးရောဂါဖြစ်ရတာက သွေးတွင်း ကိုလက်စထရောပမာဏများလို့ပါ။ အုန်းဆီက ကိုလက်စထရောကို ကျစေတဲ့အတွက် အုန်းဆီကို စားသုံးပေးရင် နှလုံးကြောင့် ဖြစ်တဲ့ ရောဂါတွေ ဖြစ်ပွားမှု လျော့ကျပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။


(၃) အလှကုန်အဖြစ် အသုံးပြုနိုင်တယ်

အုန်းဆီဟာ ဆံသားတွေကို သန်မာစေတဲ့အပြင် အရေပြားမှာ လိမ်းပေးရင် အသားအရေ ခြောက်သွေ့မှုကို မဖြစ်စေပါဘူး။ အုန်းဆီကို မိတ်ကပ်ဖျက်ဆေးအဖြစ် အသုံးပြုနိုင်သလို လက်သည်းတွေ ပျော့ပျောင်းတောက်ပစေဖို့အတွက်လည်း အုန်းဆီလိမ်းပေးလို့ရပါတယ်။ နေလောင်ဒဏ်ရာများရှိရင်လည်း အုန်းဆီလိမ်းပေးရင် သက်သာပါတယ်။


(၄) ကိုယ်အလေးချိန်ကျဆင်းနိုင်တယ်

အုန်းဆီကို တစ်နေ့ လက်ဖက်ရည်ဇွန်းတစ်ဇွန်း စားသုံးပေးရင် ခန္ဓာကိုယ်အလေးချိန် ကျဆင်းနိုင်ပါတယ်။


(၅) နို့တိုက်မိခင်များအတွက် အသုံးဝင်တယ်

အုန်းဆီစားရင် နို့ထွက်နှုန်းကောင်းပါတယ်။


(၆) သိုင်းရွိုက်ကျန်းမာရေးကို ကောင်းမွန်စေတယ်

အုန်းဆီဟာ သိုင်းရွိုက်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေတယ်လို့ မကြာသေးခင်က ပြုလုပ်ထားတဲ့ သုတေသနတစ်ခုအရ သိရပါတယ်။


(၇) ဒဏ်ရာများကို သက်သာပျောက်ကင်းစေတယ်

ပိုးမွှားကိုက်ခံရတဲ့ ဒဏ်ရာတွေ၊ ပြတ်ရှပွန်းပဲ့ဒဏ်ရာတွေကို အုန်းဆီပါးပါးလေး လိမ်းပေးရင် ဒဏ်ရာအမြန်ကျက်ပါတယ်။

Source : Lifehack : Duwun

Photos : Healthcare

No comments:

Post a Comment