Latest News

Saturday, January 7, 2017

ကျူးကျော်လို့ လိမ်လည်စာရင်းပေးသူတွေကို အရေးယူမယ်

ကျူးကျော်လို့ လိမ်လည်စာရင်းပေးသူတွေကို အရေးယူမယ်

ဂျေမောင်မောင် (အမရပူရ)
မှန်ကန်မှုရှိမရှိ စစ်ဆေးတဲ့အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းမှာဖြစ်တယ်။
     
ကျူးကျော်စာရင်းတွေ ကောက်ပြီးတဲ့အခါမှာ ကျူးကျော်လို့ လိမ်လည်စားရင်းပေးသူတွေကို အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း ၁၃ မြို့နယ်အတွင်း ပြုလုပ်နေတဲ့ စာရင်းကောက်ယူမှုတွေ ပြီးဆုံးတဲ့အခါမှာ အခွင့်အရေးပေးမယ့်ကျူး ကျော်တွေနဲ့ အရေးယူရမယ့်ကျူးကျော်တွေဆိုပြီး အမျိုးအစားနှစ်ခု ခွဲခြားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းနိုင်ကိုက ပြော ထားပါတယ်။

အချက်အလက်တွေ မှန်ကန်မှုရှိမရှိ စစ်ဆေးတဲ့အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းမှာဖြစ်ပြီး လိမ်လည်သူတွေကိုတော့ သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။  စိစစ်ဖို့အတွက် Third Party (တတိယအဖွဲ့အစည်း) တစ်ခုပါမှာဖြစ်ပြီး အဆိုပါအဖွဲ့အစည်းဟာ NGO ဖြစ်နိုင်သလို နိုင်ငံရေးပါတီ တစ်ခုလည်း ဖြစ်နိုင်တယ်လို့ ဦးထွန်းနိုင်ကိုက ပြောထားပါတယ်။

Photos & Source:7Day Daily, ဂျေမောင်မောင်

No comments:

Post a Comment