Latest News

Friday, January 13, 2017

ရန်ကုန်တိုင်းဒေသကြီးသို့ (၅) နှစ်အတွင်း ပြည်တွင်း ရွှေ့ပြောင်းလာကြသူ အများစု ဧရာဝတီတိုင်းဒေသကြီးမှ ဖြစ်

ရန်ကုန်တိုင်းဒေသကြီးသို့ (၅) နှစ်အတွင်း ပြည်တွင်း ရွှေ့ပြောင်းလာကြသူ အများစု ဧရာဝတီတိုင်းဒေသကြီးမှ ဖြစ်


ပြည်တွင်းရွှေ့ပြောင်းသွားလာခြင်းဟာ ရန်ကုန်တိုင်းဒေသကြီးကို မဏ္ဍိုင်ပြုနေပြီး ရန်ကုန်တိုင်းဒေသကြီးသို့ လွန်ခဲ့တဲ့ (၅)နှစ်အတွင်း ရွှေ့ပြောင်းလာကြသူ အများစုဟာ ဧရာဝတီတိုင်းဒေသကြီးမှ ဖြစ်ကြောင်း တွေ့ရတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့ ရွှေ့ပြောင်းသွားလာခြင်းနှင့် မြို့ ပြ ထွန်းကားလာခြင်း စာတမ်းအရ သိရပါတယ်။

မြန်မာနိုင်ငံတွင် မြို့ပြဒေသမှာ နေထိုင်သူ ဦးရေဟာ နိုင်ငံလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းခန့်သာရှိပြီး နိုင်ငံ ပိုမို ဖွံ့ဖြိုး တိုးတက် လာတာနဲ့အမျှ မြို့ပြထွန်းကားလာမှုနှင့် မြို့ပြကြီးထွားလာမှုတို့ လျှင်မြန်စွာ ဖြစ်ပေါ်လာမည်လို့ မျှော်လင့်ရတယ်လို့ ဆိုထားပါတယ်။

လက်ရှိအခြေအနေအရ မြို့ပြထွန်းကားလာမှုဟာ ရန်ကုန်တိုင်းဒေသကြီး အထူးသဖြင့်ရန်ကုန်မြို့တွင် မြင့်မားစွာ ဖြစ်ပေါ်နေပြီး အခုလိုဖြစ်ရခြင်းမှာ ရန်ကုနဟာ အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင်တဲ့ နေရာတစ်ခုသဖွယ် ဖြစ်နေတာကြောင့်လို့ သုံးသပ် ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ရန်ကုန်မြို့အပြင် အခြားနေရာဒေသများမှာလည်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာစေရန် ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပြီး ထိုဒေသများရဲ့ အလုပ်အကိုင်အခွင့်အလမ်းနှင့် ပတ်သက်တဲ့ သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အလေးထား ဆောင်ရွက်သွားရန် လိုအပ်မှာဖြစ်တယ်လို့ သိရပါတယ်။

ရွှေ့ပြောင်းသွားလာခြင်းနှင့် မြို့ပြ ထွန်းကားလာခြင်း စာတမ်းအရ မြန်မာနိုင်ငံမှာ လူ (၅) ဦးတွင် (၁) ဦးဟာ ဘဝတစ်လျှေက် အနည်းဆုံး တစ်ကြိမ် ပြည်တွင်းမှာ ပြောင်းရွှေ့ခဲ့ဖူးကြပြီး လွန်ခဲ့တဲ့ (၅)နှစ်အတွင်း ရွှေ့ပြောင်းသူ (၇)ရာခိုင်နှုန်း ရှိကြောင်း တွေ့ရတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။



Sources; Mizzima

No comments:

Post a Comment