Latest News

Tuesday, January 17, 2017

ဘတ်စ်ကားစနစ်သစ်မှာ ကူညီပေးနေတဲ့ တက္ကသိုလ်ကျောင်းသားတွေကို ကျောင်းတက်ပျက်ကွက်စာရင်း မသွင်း

ဘတ်စ်ကားစနစ်သစ်မှာ ကူညီပေးနေတဲ့ တက္ကသိုလ်ကျောင်းသားတွေကို ကျောင်းတက်ပျက်ကွက်စာရင်း မသွင်း

ကူညီဆောင်ရွက်ပေးတဲ့ တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူတစ်ထောင်ကျော်ရှိခဲ့တယ်။


အများပိုင်ဘတ်စ်ကား စနစ်သစ် စတင်တဲ့နေ့မှာ ကူညီလုပ်အားပေးခဲ့တဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကို  ကျောင်းတက်ပျက်ကွက် စာရင်းသွင်းမှာ မဟုတ်ဘူးလို့ သိရပါတယ်။

စေတနာ့ဝန်ထမ်း တက္ကသိုလ်ကျောင်းသားတွေကို ကျောင်းတက်ပျက်ကွက်စာရင်းမသွင်းဖို့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက တောင်းဆိုခဲ့ပြီး တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်တွေကလည်း ငြင်းပယ်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

ဇန်န၀ါရီ ၁၆ရက်မှာ ပြုလုပ်တဲ့ ဒဂုံတက္ကသိုလ်ဌာနမှူးများ အစည်းအဝေးမှာ  ယခုတစ်ပတ်အတွင်း စမ်းသပ်စစ်ဆေးခြင်း(Tutorial)၊ လက်တွေ့လုပ်ဆောင်ခြင်း(Practical) တို့မှာ တင်းကျပ်စွာမလုပ်ဆောင်ဘဲ နောက်ကျမှုတွေအတွက် အချိန်တိုးသတ်မှတ်ဖို့ ညွှန်ကြားထားကြောင်း အဆိုပါတက္ကသိုလ် အင်္ဂလိပ်စာဌာန၊ ဌာနမှူးဒေါ်ဆွေဆွေပွင့်က ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဘတ်စ်ကားလိုင်းတွေ စတင်တဲ့နေ့မှာ အများပြည်သူ အဆင်ပြေစေဖို့ ကူညီဆောင်ရွက်ပေးတဲ့ တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူတစ်ထောင်ကျော်ရှိခဲ့ပြီး လာမယ့်ရက်တွေမှာလည်း အလှည့်ကျကူညီ ဆောင်ရွက်ပေးမယ့် ကျောင်းသား၊ကျောင်းသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

 Photo: Source: 7Day Daily: Duwun: BBC

No comments:

Post a Comment