Latest News

Tuesday, January 17, 2017

ရန်ကုန်ဘတ်စ်ကား မလောက်၍ ရှေ့လ၌ ယာဉ်များ ထပ်သွင်းရန် စီစဉ်မည်

ရန်ကုန်ဘတ်စ်ကား မလောက်၍ ရှေ့လ၌ ယာဉ်များ ထပ်သွင်းရန် စီစဉ်မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ရန်ကုန်မြို့တော်အတွင်း ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းကို မထသလက်မှ ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှု YBS အဖြစ် ပြောင်းလဲလုပ်ကိုင်ပြီး နောက်တစ်ရက်တွင် လက်ရှိယာဉ်စီးရေနှင့် ခရီးသည် ဦးရေမျှတမှု မရှိကြောင်းကို လေ့လာတွေ့ရှိခဲ့သဖြင့် ဖေဖော်ဝါရီလအတွင်း ယာဉ်သစ်တင်သွင်းနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဇန်နဝါရီလ ၁၇ ရက် မွန်းလွဲပိုင်းက ဝန်ကြီးချုပ်၏ မြို့တွင်းယာဉ်များ ပြေးဆွဲမှု အခြေအနေကို စုံစမ်းမေးမြန်းသည့် ခရီးစဉ်အတွင်း သခင်မြပန်းခြံ၌ သတင်းမီဒီယာများကို ပြောကြားသည်။

“မနေ့က စီးရေ ၃၀ဝ၀ ကျော်အကုန် ထွက်ပေမယ့် ခရီးသည်နဲ့ ကားစီးရေ မမျှဘူးလို့ မြင်တယ်။ ရုံးတက်၊ ရုံးဆင်းချိန်တွေ ဖြစ်တယ်တဲ့။ ဒီအခက်အခဲတွေ ပြေလည်ဖို့ ဖေဖော်ဝါရီလမှာ ကားသစ်တွေ ရောက်လာဖို့ ကြိုးစားမယ်။ ကျပ် ၇၀ ဘီလီယံလောက်ထိ သွင်းလို့ရပေမယ့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ ယာဉ်ပိုင်ရှင်တွေ မခက်ခဲအောင် လုပ်မယ်”ဟု ဝန်ကြီးချုပ်က ဆိုသည်။

ကမ်းနားလမ်းပေါ်ရှိ သခင်မြပန်းခြံကိုလည်း ယာဉ်ကူးပြောင်း စီးနင်းသူများ အဆင်ပြေစေရန်၊ အနုပညာရှင်များ ဖျော်ဖြေနိုင်ရန်နှင့် အနုပညာ ဖန်တီးမှုနေရာအဖြစ် စီမံ ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ဆက်လက် ပြောဆိုသည်။

ရန်ကုန်မြို့တွင်း ခရီးသည်သယ်ယူ ပို့ဆောင်ရန် အများပိုင် ဘတ်စ်ကား ကုမ္ပဏီများ မစတင်နိုင်ချိန်တွင် ယခင် မထသ အုပ်ချုပ်မှုအောက်ရှိ ယာဉ်လိုင်းများကို စုစည်းကာ အစုအဖွဲ့ပိုင်ယာဉ်များအဖြစ် ယာဉ်လမ်းကြောင်း ၆၉ ခုကို ယာဉ်လိုင်း အမှတ် ၇၀ ဖြင့် ယာဉ်စီးရေ ၄၀ဝ၀ ကျော်အနက် ဇန်နဝါရီလ ၁၆ ရက်က ယာဉ်စီးရေ ၂၄၀ဝ ကျော်ဖြင့် စတင် ပြေးဆွဲခဲ့ကြောင်း အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက ပြောကြားခဲ့သည်။                  

Sources: The Voice

No comments:

Post a Comment