Latest News

Tuesday, January 3, 2017

နည်းပညာသုံး မှတ်ပုံတင်ကတ် ထုတ်ပေးနိုင်ရေး ရှေ့ပြေးစီမံချက် ရန်ကုန်တွင် စတင်

နည်းပညာသုံး မှတ်ပုံတင်ကတ် ထုတ်ပေးနိုင်ရေး ရှေ့ပြေးစီမံချက် ရန်ကုန်တွင် စတင်


နည်းပညာသုံး မှတ်ပုံ တင်ကတ် (NeID) များ ထုတ်ပေး နိုင်ရေး ရှေ့ပြေးစီမံချက်စာရင်း အချက်အလက် ကောက်ယူခြင်း ကို ရန်ကုန်တိုင်းဒေသကြီးတွင် ဇန်န၀ါရီ ၂ ရက်က စတင်နေ ပြီဖြစ်သည်။

ထိုသို့ ရှေ့ပြေးစီမံချက်စာ ရင်းအချက်အလက် ကောက်ယူ ခြင်းကို အင်းစိန်မြို့နယ် ကြို့ကုန်း အရှေ့ရပ်ကွက်တွင် စတင်အ ကောင်အထည်ဖော်ခြင်းဖြစ် သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အ မြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

ထိုသို့ ရှေ့ပြေးစီမံချက် လုပ် ဆောင်ခြင်းမှာ နည်းပညာသုံးမှတ် ပုံတင်ကတ် (NeID) ထုတ်ပေးရန် သက်ဆိုင်ရာဒေသ၌ ပြုလုပ်သူ လူဦးရေအလိုက် ကြာမြင့်နိုင်မှုအ ခြေအနေများ၊ နည်းပညာပိုင်း ဆိုင်ရာ အားသာချက်၊ အားနည်း ချက်များ သိရှိနိုင်စေရန်သာ လုပ် ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘အခု ရှေ့ပြေးလုပ်ပေးနေ တဲ့သူတွေကိုလည်း ကတ်က ထုတ်ပေးဦးမှာမဟုတ်ဘူး။ တစ် နိုင်ငံလုံး အတိုင်းအတာလုပ်သွား ဖို့ကိုလည်း လက်ရှိအချိန်မှာ ဆုံး ဖြတ်ထားတာမရှိသေးဘူး။ နိုင်ငံ တကာမှာကျင့်သုံးနေတဲ့ နည်း ပညာသုံးကတ်စနစ်နှစ်မျိုးရှိ တယ်။ တစ်မျိုးက လက်ရှိမှတ်ပုံ တင်တွေကို စမတ်ကတ်ထဲ ရိုက် ထည့်ပြောင်းလဲအသုံးပြုတာနဲ့ နိုင်ငံသားပဲဖြစ်ဖြစ်၊ နိုင်ငံခြားသား ပဲဖြစ်ဖြစ် သူ့ကိုယ်ရေးအချက်အ လက်ကို မှတ်တမ်းတင်ထားတဲ့၊ နံပါတ်ပါတဲ့ ကတ်တစ်ခု ထုတ် ပေးတာမျိုးမှာ ဘယ်လိုပုံစံစနစ် မျိုးသွားမလဲဆိုတာ လေ့လာတွေ့ ရှိချက်တွေကို မူတည်ပြီး ကျွန် တော်တို့က အစိုးရအဖွဲ့ကို တင် ပြရမှာ။ ဘယ်လိုဆက်လုပ်မယ်၊ ဘယ်လိုကတ်ပုံစံသွားမယ်ဆိုတာ က အစိုးရအဖွဲ့ကသာ ဆုံးဖြတ်ပါ လိမ့်မယ်။ အဲဒီအဆင့်ရောက်ဖို့ ဘယ်လောက်ကြာဦးမယ်ဆိုတာ မပြောနိုင်သေးဘူး’’ဟု ဦးမြင့် ကြိုင်က ပြောသည်။

လက်ရှိ ရှေ့ပြေးစီမံချက်ဖြင့် မှတ်ပုံတင်အချက်အလက်များ ကောက်ယူ၍ ကွန်ပျူတာစနစ်အ တွင်း ထည့်သွင်းမှု လုပ်ငန်းစဉ်ကို လ၀က ၀န်ထမ်းများနှင့် ရုံးတွင်း နည်းပညာပစ္စည်းများဖြင့်သာ လုပ်ဆောင်နေခြင်းဖြစ်၍ ငွေ ကြေး သီးသန့်ကုန်ကျမှုမရှိ ကြောင်း သတင်းရရှိသည်။

အင်းစိန်မြို့နယ်အတွင်း စီမံ ချက်စတင်သည့်နေ့တွင် ကွန်ပျူ တာစနစ်၌ မှတ်တမ်းသွင်းဆောင် ရွက်နိုင်မှုအရေအတွက်မှာ ပထမ ရက်တွင် ဦးရေ ၄၀၀ ခန့်ရှိ ကြောင်း အချက်အလက်ကောက် ယူရေးအဖွဲ့တွင် ပါဝင်သည့် လ၀ကအရာရှိတစ်ဦးက ပြော သည်။

‘‘ဒီရပ်ကွက်မှာက လုပ်ပေးရ မယ့် ဦးရေ ၁၁,၀၀၀ ကျော်ရှိ တယ်။ စီမံချက်ကာလကိုတော့ ရက်သုံးဆယ်လို့မှန်းထားတယ်’’ ဟု ၎င်းက ပြောသည်။

ကြို့ကုန်းအရှေ့ရပ်ကွက်၌ နေထိုင်သူတစ်ဦးက လက်ရှိမှတ် ပုံတင်အစား စမတ်ကတ်များ အ စားထိုးလဲလှယ်ပေးမည်ဆို၍ လာရောက်ခြင်းဖြစ်ကြောင်း ပြော ကြားသည်။

‘‘ကိုယ်ရေးအချက်အလက် တွေဖြည့်ရတယ်။ ဓာတ်ပုံအရိုက် ခံရတယ်။ မျက်လုံးကိုလည်း သူ တို့စက်နဲ့ မှတ်တမ်းယူတယ်။ အဲဒီ စမတ်ကတ်ဘယ်တော့ရမယ်ဆို တာလည်း မသိဘူး။ ကတ်အ ဟောင်းတွေ ပြန်အပ်ရမှာလား၊ မအပ်ရဘူးဆိုတာလည်း ဘာမှ မပြောဘူး’’ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယင်းစီမံချက်မစတင်မီ နေပြည် တော်နှင့် မန္တလေးတိုင်းဒေသကြီး တို့၌ မြို့နယ်တစ်ခုစီ ရွေးကာ အ ချက်အလက်ကောက်ယူမှတ် တမ်းတင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Sources; 7Day News Journal

No comments:

Post a Comment