Latest News

Saturday, January 7, 2017

အကောင်းအတိုင်းရှိနေဆဲ နှစ်ပေါင်း ၂၃၀၀ သက်တမ်းရှိ ဓားတစ်လက် တရုတ်မှာ တွေ့ရှိ

အကောင်းအတိုင်းရှိနေဆဲ နှစ်ပေါင်း ၂၃၀၀ သက်တမ်းရှိ ဓားတစ်လက် တရုတ်မှာ တွေ့ရှိ


တရုတ်နိုင်ငံမှ ရှေးဟောင်းသုတေသီတွေက နှစ်ပေါင်း ၂,၃၀၀ သက်တမ်းရှိ ရှေးဟောင်းဓားတစ်လက်ကို အကောင်းအတိုင်း အနေအထားဖြင့် ရှာဖွေတွေ့ရှိခဲ့ရမှုကြောင့် အံ့အားသင့်နေကြပါတယ်။

ပီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်က တရုတ် ရှေးဟောင်းသုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ ဓားကို ဓားအိမ်မှ ဆွဲထုတ်စစ်ဆေးကြည့်ခဲ့ရာမှာ ဓားဟာ ပြောင်လက်တောက်ပပြီး ထက်မြနေဆဲဖြစ်ကြောင်း သိရပါတယ်။

အံ့အားသင့်ဖွယ်ကောင်းတဲ့ အဆိုပါ တရုတ်ရိုးရာဓားကို တရုတ်အလယ်ပိုင်း ဟေနန်ပြည်နယ်ရှိ ရှေးခေတ် အခေါင်းတစ်ခုအတွင်းမှ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဒေသမှာ တရုတ် မြို့ပြလူအဖွဲ့အစည်း စတင်ဖြစ်တည်ခဲ့တယ်လို့ ယူဆထားပါတယ်။

ရှေးဟောင်း တရုတ်ဓားကို ဟေနန်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်နဲ့ ရှေးဟောင်းသုတေသန တက္ကသိုလ်မှ ရှေးဟောင်းသုတေသီတွေက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရှေးဟောင်ဓားဟာ ဇူမင်းဆက်လက်ထက်က နယ်မြေဒေသများ ခွဲထွက်သွားပြီး အဆိုပါ နယ်မြေဒေသများကြား တိုက်ပွဲများဖြစ်ပွားခဲ့တဲ့ ၄၇၅ ဘီစီနဲ့ ၂၂၁ ဘီစီကြားကာလမှာ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်ထားပါတယ်။

အဆိုပါဓားကို အခေါင်းအတွင်း ပိုင်ရှင်ဖြစ်သူရဲ့ ဘယ်ဖက်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရှေးဟောင်သုတေသီတွေက ချန်ယန်းမြို့မှာ တွေ့ရှိရတဲ့ ရှေးဟောင်းဂူသင်္ချိုင်းမှ အခေါင်းကို ယူဆောင်လာခဲ့ပြီး လေ့လာစမ်းသပ်ခန်းမှာ ဖွင့်ကြည့်ခဲ့ရာက အဆိုပါဓားကို တွေ့ရှိခဲ့ကြပါတယ်။


သုတေသီတွေက အခေါင်းအတွင်း ရွှံ့များဖြင့် ဖုံးလွှမ်းပေကျံနေတဲ့ ဓားအိမ်ကို သန့်ရှင်းရေးလုပ်ပြီး ဓားကိုဆွဲထုတ်ကြည့်ရာမှာ ဓားဟာ စက်ရုံမှထုတ်လုပ်တဲ့ အနေအထားအတိုင်းနီးပါး အကောင်းပတိ ရှိနေတာကို အံ့အားသင့်ဖွယ် တွေ့ခဲ့ရကြောင်း တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဆိုပါ ရှေးဟောင်းဓားရဲ့ ပိုင်ရှင်ဖြစ်သူကို ရှေးဟောင်းသုတေသီတွေက မည်သူဖြစ်မှန်း မဖော်ထုတ်နိုင်သေးကြောင်း သိရပါတယ်။

Source & Photo: Daily Mail Duwun

No comments:

Post a Comment