Latest News

Saturday, January 7, 2017

ခန္ဓာကိုယ် တစ်ခုလုံးအတွက် ကောင်းမွန်စေချင်ရင် ဒီနေရာကို ရေခဲကပ်ပေးပါ

ခန္ဓာကိုယ် တစ်ခုလုံးအတွက် ကောင်းမွန်စေချင်ရင် ဒီနေရာကို ရေခဲကပ်ပေးပါ



တရုတ်ဆေးပညာအရ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်က စွမ်းအင်စနစ်တစ်ခုဖြစ်ပါတယ်တဲ့။ တရုတ်ဆေးပညာအရ ဦးခေါင်းခွံအရင်း လည်ပင်းရဲ့ အနောက်ဘက် ထိပ်မှာရှိတဲ့ အရွတ်နေရာကို ရေခဲကပ်ပေးရင် ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကျန်းမာရေးကောင်းမွန်စေနိုင်ပါတယ်။ ဒီနေရာမှာ ခန္ဓာကိုယ်ရဲ့ လေများ ခိုအောင်းနေလေ့ရှိပါတယ်။

မှောက်လျက် ဒါမှမဟုတ် ထိုင်လျက်နေပြီး အဲ့ဒီနေရာကို မိနစ် ၂၀ လောက် ရေခဲကပ်ပေးရပါမယ်။ အစမှာ အအေးဒဏ်ကြောင့် စိတ်မသက်မသာ ဖြစ်နိုင်ပေမဲ့ စက္ကန့် ၃၀ က ၄၀ ကြာပြီးတဲ့ အခါမှာ အဲ့ဒီနေရာကနေ အပူတွေထွက်လာတာကို ခံစားရပါလိမ့်မယ်။

ဒီနည်းကို မနက်အိပ်ယာထချိန်နဲ့ ညအိပ်ယာဝင်ချိန်မှာ ပုံမှန်လုပ်ပေးသင့်ပါတယ်။ သွေးထဲမှာ endorphin ဓာတ်ကို ထုတ်ပေးနိုင်တဲ့အတွက် ပြုလုပ်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ စိတ်ကျေနပ်မှုကို ရရှိစေနိုင်ပါတယ်။ ဒီနည်းလမ်းက ရောဂါတစ်ခုကို တိုက်ရိုက်ကုသတဲ့ နည်းမဟုတ်ပေမဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိန်းညှိပေးပြီး နုပျိုလန်းဆန်းစေသလို အားအင်အသစ်တွေပြန်လည်ဖြစ်စေနိုင်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပြီး စိတ်ခံစားချက်ကိုလည်း ကောင်းစေပါတယ်။

အခြားကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများစွာလည်း ရနိုင်ပါတယ်။အစာကျေစေပြီး ခေါင်းကိုက်ခြင်း၊ သွားကိုက်ခြင်း၊ အဆစ်အမြစ် ရောင်ရမ်းခြင်းတို့ကိုလည်း သက်သာစေပါတယ်။ ပန်းနာရင်ကြပ်၊ အစာအိမ် အူလမ်းကြောင်းရောဂါ နဲ့ စိတ်ကျရောဂါ ၊နှလုံးသွေးကြောကျဉ်းရောဂါတို့ကိုလည်း သက်သာစေဖို့ ထောက်ပံ့ကူညီပေးနိုင်ပါတယ်။

Sources; Search Myanmar

No comments:

Post a Comment