Latest News

Monday, January 16, 2017

ထရန့် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား အစမ်းလေ့ကျင့်

ထရန့် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား အစမ်းလေ့ကျင့်

ဝါရှင်တန် ဇန်နဝါရီ ၁၆

မကြာမီကျင်းပမည့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်လ်ထရန့်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနား အစမ်းလေ့ကျင့်မှုကို အမေရိကန်တာဝန်ရှိသူများက စီစဉ်ကျင်းပခဲ့သည်။

အဆိုပါအစမ်းလေ့ကျင့်မှုကို အမေရိကန်တပ်ဖွဲ့များနှင့် အခြားသူများက တနင်္ဂနွေနေ့တွင် ဝါရှင်တန်မြို့တော်ရှိ ပါလီမန်အဆောက်အအုံရှေ့ တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အိမ်ဖြူတော်နှင့် ပါလီမန်အဆောက်အအုံကြား ရှိလမ်းပေါ်တွင် တူရိယာအဖွဲ့ဝင်များက ချီတက်လမ်းလျှောက် လေ့ကျင့် ခဲ့ကြသည်။

''ကျမ်းသစ္စာကျိန်ဆိုမယ့်နေ့ဟာ မျှော်လင့်ထားတာထက် ပိုမိုကြီးကျယ်ခမ်းနား မှာပါ။ အားလုံးပျော်ပျော် ရွှင်ရွှင်ပေါ့'' ဟု ထရန့်က ၎င်း၏တွစ်တာစာမျက်နှာ ထက်တွင် ရေးသားခဲ့သည်။

ဇန်နဝါရီ ၂ဝ ရက်တွင် ကျင်းပမည့် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ လူ ၇ဝဝဝဝဝ မှ ၉ဝဝဝဝဝ အထိ တက်ရောက်မည်ဟု ခန့်မှန်းထားသည်။ အဖွဲ့အစည်း ၁ဝဝ ခန့်ကလည်း ကျမ်းသစ္စာကျိန်ဆိုပွဲကို ဆန္ဒပြကန့်ကွက် ရန် ပြင်ဆင်လျက်ရှိကြသည်။ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၈ဝဝဝ ခန့်ဖြန့်ကြက်ကာ လုံခြုံရေးတင်းတင်းကျပ်ကျပ်ဖြင့် ကျင်းပသွားဖွယ်ရှိသည်။

Sources; အင်န်အိတ်ခ်ျကေ/MOI

No comments:

Post a Comment