Latest News

Monday, January 16, 2017

အပူချိန် ၂ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းခဲ့ပါတယ်။

ရေခဲနေတဲ့ မိုးကုတ်မြို့ရဲ့ မြင်ကွင်းများ

အပူချိန် ၂ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းခဲ့ပါတယ်။

မန္တလေးတိုင်း မိုးကုတ်မြို့ရဲ့ ရာသီဥတုအခြေနေက ထူးကဲတဲ့အခြေနေတွေ ကြုံတွေ့နေရပါတယ်။ ဇန်န၀ါရီလ ၁၅ ရက် မနက်ပိုင်းက မိုးကုတ်မြို့မှာ ဆီးနှင်းတွေကျတာအရမ်းများခဲ့ပြီး  နှင်းပွင့်တွေ ဖြစ်တဲ့အထိ ရာသီဥတုအေးမြခဲ့ကာ အပူချိန် ၂ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။


ဒီနေ့မနက်ပိုင်းက မိုးကုတ်မြို့နယ် ဘားနဒ်(ရွာသာယာ)ကျေးရွာမှာ သစ်ပင်၊ မြက်ပင်တွေပေါ် ရေခဲမှုန်တွေကပ်နေတာကိုတွေ့ရပြီး ရေထည့်ထားတဲ့ ခွက်ယောက်၊ ပန်းကန်တွေထဲက ရေတွေလည်း အပေါ်ယံရေခဲတဲ့အထိ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။




ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၃,၈၅၈ ပေမှာရှိတဲ့ မိုးကုတ်မြို့မှာ ဇန်န၀ါရီ ၁၄ ကနေ ၁၇ ရက်နေ့အထိ ရေခဲနေတယ်လို့ သိရပြီး မိုးကုတ်မြို့ အနောက်ပိုင်းကျတဲ့ ဒေသတွေမှာ မြို့ပေါ်ထက် ပိုအေးပြီး ရေပုံးထဲကရေတွေ ခဲတဲ့အထိ အပူချိန် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။


မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကတော့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ အအေးပိုလာနိုင်တယ်လို့ ခန့်မှန်းထားပြီး မိုးလေ၀သနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇန်န၀ါရီ ၁၅ ရက်က ၃ ဒီဂရီစင်တီဂရိတ်ရှိခဲ့တယ်လို့ သိရပါတယ်။

Sources & Photos : 7DayDaily,Myo Khin Khin Khant,Duwun

No comments:

Post a Comment