Latest News

Tuesday, January 10, 2017

မသင့်လျော်သောပုံများကို ဗီနိုင်းထုတ်ပါက တရားစွဲမယ်ဆိုတဲ့ ဇွန်သဉ္ဇာ

မသင့်လျော်သောပုံများကို ဗီနိုင်းထုတ်ပါက တရားစွဲမယ်ဆိုတဲ့ ဇွန်သဉ္ဇာ

ဇွန်သဉ္ဇာက သူမရဲ့ မသင့်လျော်သော ဓာတ်ပုံများကို ခွင့်ပြုချက်မရှိပဲ ဗီနိုင်းထုတ်ပါက တရားစွဲမယ်လို့ ဖေ့စ်ဘွတ်ပေါ်ကနေ တရားဝင်ကြေညာလိုက်ပါတယ်။ ဇွန်သဉ္ဇာဟာ ရွှေသာလျောင်းဘုရားပွဲမှာ ပါဝင်ဖျော်ဖြေဖို့ စီစဉ်ထားပေမယ့် ပွဲကန်ထရိုက်တွေ ထုတ်ထားတဲ့ ဗီနိုင်းဓာတ်ပုံများကြောင် မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံး (ဗဟို)ရဲ့ ကန့်ကွက်ခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမက သဘင်အစည်းအရုံးမှာ သွားရောက်ဖြေရှင်းခဲ့သလို သူမရဲ့ ပရိသတ်တွေအတွက်ကိုလည်း ဖေ့စ်ဘွတ်ကနေတစ်ဆင့် ယခုလို ဖြေရှင်းပေးခဲ့ပါတယ်။

"ဇွန်ကို ဒီနေ့ကြံခင်းမြို့နယ်မှာ ပြုလုပ်တဲ့ ပွဲအတွက် သီချင်းသီဆိုဖို့ လာဌားတော့ ဗီနိုင်းထုတ်ဖို့ကိုလည်း အဆင်ပြေသင့်လျော်တဲ့ ဓာတ်ပုံများကို viber ကနေ ပို့ပေးခဲ့ပါတယ်။ ပွဲကန်ထရိုက်က ပွဲပေါက်ဖို့ ရည်၇ွယ်ပြီး ဗီနိုင်းထုတ်ရန်မသင့်တဲ့ ပုံများကို ဖေ့စ်ဘွတ်ကနေ ဇွန့်ကို မတိုင်အသိမပေးပဲ download ရယူကာ ကြံခင်းနယ်တွင် ဗီနိုင်းများကပ်ထားတာကြောင့် ကျွန်မအပါအဝင် ပရိသတ်များနဲ့ သဘင်အစည်းအရုံးက အထင်မြင်လွဲမှားမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါကိုလည်း သဘင်အစည်းအရုံးထံသွားပြီး ရှင်းပြခဲ့သလို ပွဲကန်ထရိုက်အား နောင်ကြင်စေရန် ဒီနေ့ညကြံခင်းပွဲကို သွားရောက်မဖျော်ဖြေနိုင်ပါကြောင်းနဲ့ နောက်နောင် လာဌားတဲ့ ကန်ထရိုက်များအနေနဲ့လည်း ဇွန်ပို့ပေးတဲ့ ဓာတ်ပုံများကိုသာ ဗီနိုင်းထုတ်ရန်နဲ့ ဇွန့်ခွင့်ပြုချက်မရှိတဲ့ ဖေ့စ်ဘွတ်ကဓာတ်ပုံတွေကို ဗီနိုင်ထုတ်ခြင်းမပြုလုပ်ဖို့၊ ပြုလုပ်ခဲ့ပါကလည်း တရားစွဲသွားမှာ ဖြစ်ပါတယ်။ " လို့ သူမက ရေးသားထားပါတယ်။

ဇွန်သဉ္ဇာအနေနဲ့ ဒီနေ့ည ကြံခင်းမြို့နယ်မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲမှာတော့ ပါဝင်ဖျော်ဖြေတော့မှာ မဟုတ်ဘဲ အခြားလက်ခံထားတဲ့ပွဲတွေအားလုံးကိုတော့ လာရောက်ဖျော်ဖြေမှာ ဖြစ်တယ်လို့ သူမက ထပ်မံ ပြောပြထားပါတယ်။

Sources & Photo : ဇွန်သဉ္ဇာ ဖေ့စ်ဘွတ်/SearchMyanmar

No comments:

Post a Comment