Latest News

Tuesday, January 10, 2017

လေယာဉ်ပေါ် မြွေရောက်နေသဖြင့် အမ်းမရိတ်စ် လေကြောင်းလိုင်း ခရီးစဉ်တစ်ခု ဖျက်သိမ်းခဲ့ရ

လေယာဉ်ပေါ် မြွေရောက်နေသဖြင့် အမ်းမရိတ်စ် လေကြောင်းလိုင်း ခရီးစဉ်တစ်ခု ဖျက်သိမ်းခဲ့ရ

လေယာဉ်ပေါ်တွင် မြွေရောက်နေသဖြင့် အမ်းမရိတ်စ် လေကြောင်း၏ ခရီးစဉ် တစ်ခုကို ရုတ်တရက် ဖျက်သိမ်းလိုက်ရကြောင်း သိရသည်။

ဇန်နဝါရီ ၉ ရက်က ဒူဘိုင်း အခြေစိုက် အမ်းမရိတ်စ် လေကြောင်းလိုင်း တာဝန်ရှိသူများက ယင်းမတိုင်မီနေ့တွင် အိုမန်နိုင်ငံ၊ မတ်စ်ကတ်မြို့မှ ပျံတက်လာမည့် လေယာဉ် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လေယာဉ်၏ ခရီးသည်များ လိုက်ပါရာ အခန်းထဲတွင် မြွေတစ်ကောင် ရောက်နေသောကြောင့် ဖြစ်သည်။

ကံအားလျော်စွာဖြင့် လေယာဉ်ပေါ် မြွေတွေ့ချိန်တွင် ခရီးသည် တစ်ဦးမျှ ရှိမနေခဲ့ချေ။ လုံခြုံရေး စံနှုန်းများအရ လေယာဉ်၏ ကိုယ်ထည်အတွင်း နေရာအားလုံးကို ပိုက်စိပ်တိုက် ရှာဖွေရန် လိုအပ်သောကြောင့် ထိုနေ့က ပျံသန်းမည့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရကြောင်း လေကြောင်းလိုင်းက အတည်ပြုခဲ့သည်။

လေကြောင်းလိုင်း တာဝန်ရှိသူ တစ်ဦးက “အမ်းမရိတ်စ် အနေနဲ့ ဇန်နဝါရီ ၈ ရက်မှာ မတ်စ်ကတ်ကနေ ဒူဘိုင်းကို ပျံသန်းမယ့် ခရီးစဉ်အမှတ် EK0863ကို ဖျက်သိမ်းလိုက်ရပါတယ်။ အကြောင်းရင်းကတော့ ခရီးသည်တွေ လိုက်ပါစီးနင်းမယ့် အခန်းထဲက ခရီးဆောင်အိတ်တွေ ထားသိုတဲ့ အပေါ်အဆင့်တွေမှာ မြွေတစ်ကောင် ရှာတွေ့ခဲ့လို့ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် လိုအပ်တဲ့ စစ်ဆေးမှုတွေ စီမံဆောင်ရွက်ခဲ့ပြီး အဆင်မပြေ ဖြစ်သွားတာတွေအတွက် တောင်းပန်အပ်ပါတယ်”ဟု Gulf Newsသို့ ပြောကြားခဲ့သည်။

မြွေကို ဖမ်းဆီး ဖယ်ရှားပြီးနောက် ယခုအခါ လေယာဉ်သည် ပုံမှန် ပျံသန်းမှု လမ်းကြောင်းများအတိုင်း ခရီးစဉ်များ ပြန်လည် စတင်နေပြီဟု ဆိုသည်။ ဖမ်းမိသည့်မြွေ၏ အမျိုးအစားကို လေကြောင်းလိုင်းက မကြေညာသလို အဆိပ်ရှိမရှိလည်း အတိအကျ မသိရှိရချေ။

Sources; Fox News/ 7 Day News Journal

No comments:

Post a Comment