Latest News

Saturday, January 7, 2017

အမေရိကန်သမတကတော် မီရှဲလ်-အိုဘားမားရဲ့ အိမ်ဖြူတော် နောက်ဆုံးမိန့်ခွန်း

အမေရိကန်သမတကတော် မီရှဲလ်-အိုဘားမားရဲ့ အိမ်ဖြူတော် နောက်ဆုံးမိန့်ခွန်း

လက်ရှိ အမေရိကန်သမ္မတကတော် မီရှဲလ်-အိုဘားမားက သူ့ရဲ့ အိမ်ဖြူတော်မှာ နောက်ဆုံးမိန့်ခွန်းကို သောကြာနေ့ကပြောကြားလိုက်ပါတယ်။

ရှင်တို့ရဲ့ သမ္မတကတော် ဖြစ်ရတာ ဘဝရဲ့ ဂုဏ်အရှိဆုံး ဖြစ်ရပ်ပဲ.. ရှင်တို့ပါ ဂုဏ်ယူရအောင် လုပ်နိုင်ခဲ့ပြီးပြီလို့ ကျွန်မ မျှော်လင့်တယ်လို့ သူက ပြောပါတယ်။

 ဂုဏ်ပြုပွဲ အခမ်းအနားအတွင်း  ဒီနှစ်အတွက်အတိုင်ပင်ခံပုဂ္ဂိုလ်ကို လူငယ်တွေ သူတို့ရဲ့ အလားအလာဆီကို ရောက်အောင် အားပေး မြှင့်တင်ရေးအတွက် မီရှဲလ်က အာရုံစိုက် မှတ်ချက်ပေးခဲ့ပါတယ်။

ကျွန်မတို့ဟာ အင်မတန် နည်းနည်းလေးနဲ့ ဘဝစခဲ့တယ်၊ဒါပေမယ့် အင်မတန် ကြိုးစားပြီး ပညာရေး ကောင်းကောင်း ရခဲ့တယ်။ ဒါကြောင့် ဘာမဆို ဖြစ်လာနိုင်ခဲ့တယ် သမ္မတတောင် ဖြစ်လာခဲ့တယ်။ ဒါဟာ အမေရိကန်ရဲ့ အိပ်မက်ပဲလို့ မီရှဲလ်က ပြောပါတယ်။

 မီရှဲလ် အိုဘားမားဟာ အထက်တန်းကျောင်းတွေရဲ့ လမ်းညွှန် အတိုင်ပင်ခံ တွေကို အသိအမှတ်ပြု တဲ့ အစီအစဉ်ကို စတင်ခဲ့သူပါ။

 ကျောင်းသားတွေကို လမ်းညွှန်အားပေးပြီး ကောလိပ်ပညာရေး ထိ မြှင့်တင်ပေးတဲ့ သူတို့ရဲ့ အားထုတ်မှု တွေကို အားလုံးက အသိအမှတ် ပြုခဲ့ပါတယ်။

 သောကြာနေ့ ပွဲကတော့ အိမ်ဖြူတော်မှာ ကျင်းပတဲ့ နောက်ဆုံးပွဲပါ။

သမ္မတ ဘားရက်-အိုဘားမားရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်းဟာ ဇန်နဝါရီ ၂၀မှာ ပြီးဆုံးမှာပါ။ အဲဒီနောက် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ဟာ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ပါတယ်။

ဓါတ်ပုံ- ၂၀၁၆ မတ်လ  Buenos Aires မြို့ ကျောင်းသူတွေကို စကားပြောနေသော အမေရိကန်-သမတကတော် မစ်ရှဲ-အိုဘားမားအားတွေ့ရစဉ်။

Sources; ( ရိုက်တာ ) Aye Aye Mon DVB Journalist

No comments:

Post a Comment