Latest News

Sunday, January 1, 2017

ကိုးတန်ကောက်ကဘင်္ဂါလီတွေကိုရိုက်နှက်ခဲ့တဲ့ ရဲအရာရှိနဲ့တပ်သားတွေကို ထိန်းသိမ်း

ကိုးတန်ကောက်ကဘင်္ဂါလီတွေကိုရိုက်နှက်ခဲ့တဲ့ ရဲအရာရှိနဲ့တပ်သားတွေကို ထိန်းသိမ်း


ရန်ကုန်။ ဇန်န၀ါရီ ၂

ရခိုင်ပြည်နယ်ကိုးတန်ကောက်ကျေးရွာကရွာသားများဖြစ်တဲ့ ဘင်္ဂါလီလူမျိုးတွေကို ရိုက်နှက်ကန်ကျောက်တဲ့ ပုံရိပ်တွေပါတဲ့ဗီဒီယိုဖိုင်မှာပါဝင်တဲ့ ရဲအရာရှိနဲ့တပ်သားတွေကို ထိန်းသိမ်းထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်နေ့ညနေပိုင်းက လူမှုကွန်ယက်စာမျက်နှာတစ်ခုမှာ စတင်ပြန့်နှံခဲ့တဲ့ ဗီဒီယိုဖိုင်ကို ဝေမျှသူ အများအပြားရှိခဲ့ပါတယ်။

ဗီဒီယိုဖိုင်ဟာ ရဲတပ်ဖွဲ့ဝင်များက ရခိုင်ပြည်နယ် ကိုးတန်ကောက်ကျေးရွာအတွင်းကို ဝင်ရောက်ရှင်းလင်းချိန်မှာ ဘင်္ဂလီလူမျိုးတွေကို နံပါတ်ပြားတုတ်နဲ့ ရိုက်နှက်တာ၊ ခြေထောက်နဲ့မျက်နှာကိုကန် ကျောက်တာ၊လက်နဲ့ခေါင်းကိုရိုက်တာ၊ ဆဲဆိုတာတွေကို ပြုလုပ်ခဲ့တာတွေကိုရိုက်ကူးထားတာဖြစ်ပါတယ်။

အဆိုပါဗီဒီယိုဖိုင်မှာ နိုဝင်ဘာလ ၅ ရက်နေ့က ရခိုင်ပြည်နယ်ကိုးတန်ကောက်ကျေးရွာကို ရွာသားများကို ဝင်ရောက်ထိန်းသိမ်းစဉ်မှာ ရိုက်ကူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဗီဒီယိုဖိုင်ကို လက်ကိုင်ဖုန်းနဲ့ရိုက်ကူးခဲ့တဲ့ ရဲတပ်သားဇော်မျိုးထိုက်နဲ့ အမှတ် ၃၆ လုံခြုံရေးရဲတပ်ဖွဲ့မှ ဒုရဲအုပ် တေဇလင်း အမှတ် ၂ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ရဲမှူးရဲထွန်းနိုင် ရွာသားများကို ရိုက်နှက်ကန်ကျောက်ခဲ့တဲ့ ရဲတပ်သားပြည့်ဖြိုးသွင်တို့ကို ထိန်းသိမ်းထားပြီး အဆိုပါဖြစ်စဉ်မှာပါဝင်တဲ့ ကျန်ရဲတပ်သားတွေကို ဆက်လက်စုံစမ်းနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီကမနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ကိုးတန်ကောက်ကျေးရွာကိုသွားရောက်ရှင်းလင်းရခြင်းမှာ နိုဝင်ဘာလ ၃ ရက်နေ့ ညနေငါးနာရီကျော်ခန့်က အကြမ်းဖက်သမားလို့ယူဆရတဲ့ လူခြောက်ဦးက မောင်တောအလယ်သံကျော်လမ်းအတိုင်းဆိုင်ကယ် သုံးစီးမောင်းနှင်လာပြီး နိုရူလာရဲစခန်းမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်များကို စခန်းဝင်ပေါက်အနီးမှာရပ်ကာ ဆိုင်ကယ်ပေါ်ကနေ လက်နက်ငယ်နဲ့ပစ်ခတ်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

အဆိုပါပစ်ခတ်ခဲ့မှုကြောင့် ရဲတပ်ကြပ်တစ်ဦးသေဆုံးခဲ့ပြီးတစ်ဦးမှာ ဒဏ်ရာများရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်ရပ်ကြောင့် ကိုးတန်ကောက်ကျေးရွာကို ဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်ပြီး မြေမြှပ်ထားတဲ့ ဓါးမခြောက်ချောင်း ဓါးဦးချွှန်တစ်ချောင်းနဲ့မှိန်းတံတစ်ချောင်းတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


Sources; ၀င်းနန္ဒာ Kumudra


No comments:

Post a Comment