Latest News

Sunday, January 1, 2017

ပရီးမီးယားလိဂ်မှာ ဘယ်အသင်းနည်းပြရဲ့ နာရီဈေးအကြီးဆုံးလဲ

ပရီးမီးယားလိဂ်မှာ ဘယ်အသင်းနည်းပြရဲ့ နာရီဈေးအကြီးဆုံးလဲ

ပရီးမီးယားလိဂ်မှာ ဒေါ်လာ ၄၀ တန်နာရီကိုတောင်ဝတ်တဲ့နည်းပြ ရှိခဲ့ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်ကို ဦးဆောင်နေတာချယ်လ်ဆီးအသင်းဖြစ်ပြီး လီဗာပူး၊ မန်စီးတီး၊ အာဆင်နယ် စတဲ့အသင်းတွေက နောက်က လိုက်နေကြပြီး အမှတ်ပေးချန်ပီယံ လမ်းကြောင်းထဲ ရှိနေကြပါတယ်။
ဒါပေမယ့် ပရီးမီးယားလိဂ် နည်းပြတွေရွေးချယ်ဝတ်ဆင်ကြတဲ့ နာရီတွေကတော့ လက်ရှိအသင်းရဲ့အခြေအနေနဲ့ ထပ်တူကျမနေပါဘူး။ လစာများလို့လည်း ပိုပြီးဈေးကြီးတဲ့နာရီကို နည်းပြတွေက မရွေးချယ်ကြတာတွေ့ရပါတယ်။ လက်ရှိပရီးမီးယားလိဂ် နည်းပြတွေထဲမှာ ဈေးအကြီးဆုံးနာရီကိုဝတ်ဆင်သူကတော့ ဘန်လေအသင်းနည်းပြ ရှောင်ဒိုင်ချီဖြစ်ပါတယ်။ နည်းပြရှောင်ဒိုင်ချီက Patek Phillipe နာရီအမျိုးအစားဖြစ်ပြီး စတာလင်ပေါင် လေးသောင်းခွဲ တန်ကြေးရှိပါတယ်။

ဈေးအနည်းဆုံးနာရီကို ဝတ်ဆင်ခဲ့သူကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကတင် အသင်းနဲ့လမ်းခွဲလိုက်တဲ့  ဆွမ်ဆီးနည်းပြဟောင်း ဘရက်ဒလေ ဖြစ်ပါတယ်။

ဘရက်ဒလေရဲ့နာရီက Timex Ironman အမှတ်တံဆိပ်ဖြစ်ပြီး ဒီအမျိုးအစားကို သမ္မတ ဘီလ်ကလင်တန်တောင် ဝတ်ဆင်ခဲ့ပါသေးတယ်။ အခုဘရက်ဒလေရဲ့နာရီကတော့ ပေါင် ၄၀ သာ တန်ကြေးရှိပါတယ်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကတော့ IWC အမှတ်တံဆိပ်ကို ဝတ်ဆင်ပြီး ပေါင် ၈၃၅၀ တန်ကြေးရှိပါတယ်။ ချယ်လ်ဆီးနည်းပြ ကွန်တီိရဲ့နာရီကတော့ Rolex အမျိုးအစားဖြစ်ပြီး ပေါင် တစ်သောင်းတန်ပါတယ်။မန်ယူအသင်းနည်းပြမော်ရင်ဟိုကတော့ ပေါင်နှစ်သောင်းခွဲ တန်ကြေးရှိတဲ့ Hublot Big Bang အမျိုးအစားကို ဝတ်ဆင်ပါတယ်။

အဲဗာတနည်းပြ ရော်နယ်ဒိုကိုးလ်မန်းကတော့ အတော်လေးဈေးကြီးတဲ့ Rolex နာရီ ပေါင် ၃၅၈၅၀ တန်ဖိုးရှိတဲ့ နာရီကိုဝတ်ဆင်ပါတယ်။

Source : Daily Mail : Duwun

No comments:

Post a Comment